ရှေ့သို့
Image

ဘရုဂျက်နဲ့ ချန်ပီယံလိဂ်ပွဲက မန်ချက်စတာဒါဘီထက် အရေးကြီးတယ်လို့ ဂွါဒီယိုလာဆို

1:12 PM, 3 November

ပက် ဂွါဒီယိုလာက ယနေ့ည ဘရုဂျက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာ လာမယ့်စနေည မန်ချက်စတာဒါဘီထက် ပိုအရေးကြီးပါတယ်လို့ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘရုဂျက်နဲ့ပွဲအပြီး မန်ချက်စတာဒါဘီကြားမှာ ၆၄နာရီသာ ကွာဟနေခဲ့ပါတယ်။

ပထမအကျော့က ၅-၁ဂိုးနဲ့ နိုင်ထားပေမဲ့ ဂွါဒီယိုလာကတော့ ယနေ့ည ပွဲစဉ်ဟာ ယူနိုက်တက်နဲ့ပွဲစဉ်ထက် ပိုအရေးကြီးကြောင်း ပြောခဲ့ပါတယ်။ ဂွါဒီယိုလာက “ဒီပွဲက ယူနိုက်တက်နဲ့ပွဲထက် ပိုအရေးပါပါတယ်။ ဒီပွဲက ကျွန်တော်တို့ ၁၆သင်းအဆင့် ရောက်စေဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ာပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတွေ အများကြီးရှိနေပြီး ဒီမှာကတော့ ၆ပွဲပဲ ကစားရမှာ ဖြစ်ပြီး ၃ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်”

“ဒါကြောင့် ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းစေဖို့ သေချာကစားရမှာ ဖြစ်ပြီး ခြေလှမ်းလှမ်းနိုင်ဖို့ လိုပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေက တစ်နှစ်ထက်တစ်နှစ် ပိုခက်ခဲလာပါတယ်။ ၁ပွဲ၊ ၂ပွဲလောက် ရှုံးလိုက်တာနဲ့ ဒုက္ခရောက်ပါပြီ။ ကျွန်တော်တို့ ပဲရစ်မှာ ရှုံးခဲ့တာကြောင့် အိမ်ကွင်းမှာ ပြန်အသာရဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပဲလေ့စ်ကို ၂ဂိုးပြတ် ရှုံးခဲ့ပေမဲ့ ဂွါဒီယိုလာက စီးတီးဟာ လွန်ခဲ့တဲ့ ၅နှစ်လုံး အကောင်းဆုံး ကစားနေခဲ့ကြောင်း ပြောခဲ့ပါတယ်။ မန်စီးတီးတို့ အကောင်းဆုံး ကစားနေစဉ် ပေါင် သန်း၁၀၀တန် ကစားသမား ဂရီးလစ်ချ်ရဲ့ ခြေစွမ်းအပေါ် မေးခွန်ထုတ်မှုတွေ ရှိခဲ့ပြီး ကိုင်လီ ဝေါ်လ်ကာက အင်္ဂလန်သားအနေနဲ့ အကောင်းဆုံး လုပ်နိုင်ဖို့ အချိန်လိုကြောင်း ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဘရုဂျက် #ချန်ပီယံလိဂ်