ရှေ့သို့
Image

စပါးတပ်မော်စကို အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ မန်စီးတီး အသင်း ပိုင်ရှင်တွေ ဆွေးနွေးနေ

11:20 AM, 3 November

မန်စီးတီးအသင်းပိုင်ရှင်တွေဟာ ရုရှားကလပ် စပါးတပ်မော်စကို အသင်းရဲ့ ရှယ်ယာအနည်းစုကို ဝယ်ယူရေးအတွက် အဆိုပါကလပ်နဲ့ ဆွေးနွေးနေပါတယ်။

မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ စီးတီးဘောလုံးအုပ်စုရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့အပတ်က စပါးတပ်မော်စကို အသင်း အထွေထွေဒါရိုက်တာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး စပါးတပ်အသင်းပိုင်ရှင် လီယိုနစ်ဖူဒန်ကလည်း အသင်းကို ရောင်းချလိုနေပါတယ်။

စီးတီးဟာ မော်စကိုမြို့အခြေစိုက် စပါးတပ်အသင်းရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ရုရှားသတင်းတွေက ရေးသားဖော်ပြနေပြီး စီးတီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း အတည်ပြုပေမယ့် ဘာတစ်ခုမှ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ စပါးတပ်မော်စကိုအသင်းကိုသာ စီးတီးဘောလုံးအုပ်စုက ဝယ်ယူဖြစ်ရင် သူတို့ရဲ့ ၁၁ သင်းမြောက် ကလပ်ဖြစ်လာမှာဖြစ်ပါတယ်။

စီးတီးဘောလုံးအုပ်စုဟာ မန်စီးတီးအပြင် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး၊ အေလိဂ်ကလပ် မဲလ်ဘုန်းစီးတီး၊ ဂျေလိဂ်ကလပ် ယိုကိုဟားမားမာရီနို့စ်၊ ဥရုဂွေးကလပ် မွန်တီဗီဒီယိုစီးတီး၊ စပိန်ကလပ် ဂီရိုနာ၊ တရုတ်ကလပ် ကျီချွမ်း၊ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီး၊ ဘယ်လ်ဂျီယံကလပ် လွန်မယ်နဲ့ ပြင်သစ်ကလပ် အက်စ်ပဲရန့်စ်အသင်းတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

#မန်စီးတီး #စပါးတပ်မော်စကို