ရှေ့သို့
Image

ကွန်တီကြောင့် ဆောင်းဈေးကွက်မှာ တော့တင်ဟမ်အသင်း ငွေသုံးကြမ်းလိမ့်မယ်လို့ ရက်ဒ်နပ် ခန့်မှန်း

10:14 AM, 3 November

တော့တင်ဟမ်အသင်းအနေနဲ့ နည်းပြကွန်တီ ရောက်လာပြီးနောက် လာမယ့်ဇန်နဝါရီ ဈေးကွက်မှာ ငွေသုံးကြမ်းလာနိုင်တယ်လို့ နည်းပြဟောင်း ဟယ်ရီရက်ဒ်နပ်က ခန့်မှန်းလိုက်ပါတယ်။

တော့တင်ဟမ်ဟာ ယူနိုက်တက်ကို ဝ-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြနူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကို ကနဦး ၁၈ လစာချုပ်နဲ့ ခန့်အပ်နိုင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟာ နည်းပြမော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်အဖြစ် ကွန်တီကို ခန့်အပ်ဖို့ ဦးစားပေးကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးနဲ့ အင်တာမီလန် နည်းပြဟောင်းက အပြောင်းအရွှေ့အတွက် ငွေထုတ်မပေးနိုင်မှာစိုးရိမ်တာကြောင့် ငြင်းဆန်ခဲ့ပါတယ်။ ယခုအခါ ရက်ဒ်နပ်က ကွန်တီအနေနဲ့ တော့တင်ဟမ်နည်းပြရာထူးကို လက်မခံခင် အသင်းဥက္ကဋ္ဌ လီဗိုင်းဆီကနေ အပြောင်းအရွှေ့အသုံးစရိတ်နဲ့ ပတ်သက်လို့ အာမခံချက် ယူခဲ့လိမ့်မယ်လို့ ပြောပါတယ်။

''ဆောင်းဈေးကွက်မှာ တော့တင်ဟမ်အသင်း ငွေသုံးကြမ်းလိမ့်မယ်လို့ ထင်ပါတယ်။ အသင်းအင်အား ဖြည့်တင်းဖို့ အာမခံချက်မရရင် ကွန်တီ လာမှာမဟုတ်ပါဘူး''လို့ ရက်ဒ်နပ်က ပြောပါတယ်။

တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဆက်ထိန်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေပြီး ၁၀ပွဲမှာ ၅ပွဲအထိ အရေးနိမ့်ကာ အဆင့် ၉ နေရာမှာ ရပ်တည်နေရပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ကွန်တီ #ရက်ပ်နက်