ရှေ့သို့
Image

ဇီယက်ချ် သွင်းဂိုးကို လှလှပပ ဖန်တီးပေးခဲ့တဲ့ အိုဒွိုင်းရဲ့ ခြေစွမ်းအပေါ် သဘောကျနေတဲ့ ဖာဒီနန်

10:07 AM, 3 November

အင်္ဂါညနေခင်းမှာ မဲလ်မိုကို ၁ဂိုးဂိုးမရှိဖြင့် ချဲလ်ဆီးအသင်း အနိုင်ကစားခဲ့ရာတွင် ကော်လမ်အိုဒွိုင်းရဲ့ စွမ်းဆောင်ရည်ကို ရီယိုဖာဒီနန်က ချီးကျူးပြောဆိုခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဇီယက်ချ်ရဲ့ သွင်းဂိုးကို လှပစွာ ပေးပို့ဖန်တီးခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် အဖိုးတန်၃မှတ် ရစေခဲ့ပါတယ်။

ပွဲအပြီးဖာဒီနန်က ပြောရာမှာ အိုဒွိုင်းဟာ ၎င်းတို့မျှော်လင့်စောင့်စားခဲ့ရတဲ့ ခြေစွမ်းအတိုင်း ဖြစ်လာနေပြီလို့ ဆိုပါတယ်။ အိုဒွိုင်းဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ဇီယက်ချ် အသာအယာပိတ်သွင်းနိုင်အောင် ညာခြမ်းကနေ မဲလ်မိုနောက်ခံလူ အာမက်ဟိုဇစ်၊ ဒက်လင်တို့နှစ်ဦးစလုံးကို ကျော်ကာ အကွက်မြင်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အသက်၂၀အရွယ်ကစားသမားရဲ့ ဖန်တီးမှုဟာ ပရိသတ်တွေ အားလုံးနှင့် ဘောလုံးကလောင်ရှင်များ အာရုံစိုက်လောက်စရာ လှပသေသပ်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ပွဲအပြီး  ပြောရာမှာ “ကျွန်တော်တို့ဟတ်ဆန်အိုဒွိုင်းဆီက ခြေစွမ်းကို မျှော်လင့်စောင့်စားခဲ့ရတာပါ။ ချဲလ်ဆီးအကယ်ဒမီကနေ တက်လာတဲ့နောက်ပိုင်း ကျွန်တော်တို့ ကော်လမ်အကြောင်းကို ကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအတွက် လုံး၀ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ဒါပေမဲ့ လက်ရှိ သူပြသနေတဲ့ ခြေစွမ်းမျိုး ဆက်ထိန်းထားမယ်ဆိုရင် ဘယ်လိုဘဲဖြစ်ဖြစ် ဖနောင့်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့သူဆိုတာ သတိရရမှာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်ကလည်း တူချယ်လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုရလာတဲ့ အိုဒွိုင်းဟာ အသင်းအတွက် တန်ဖိုးရှိတဲ့ ကစားသမားတစ်ဦးလို့ဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အိုဒွိုင်းဟာ ဂျာမန်သားနည်းပြ တူချယ်လက်အောက် fullback အဖြစ်သာ ကစားနေရပြီး တူချယ်ကိုယ်တိုင်လည်း တောင်ပံကစားသမားတစ်ယောက်ကို အဆိုပါနေရာထားကစားနေရတာ တရားမျှတမှုမရှိပေမယ့် အသင်းမှာ နေရာပေးဖို့လမ်းဖွင့်ထားကြောင်း ဝန်ခံထားပါတယ်။

#ချဲလ်ဆီး #ဖာဒီနန် #ဇီယက်ချ် #အိုဒွိုင်း #ချန်ပီယံလိဂ် #မယ်လ်မို