ရှေ့သို့
Image

ဧရိယာ ၂ ခုမှာ တိုးတက်ဖို့ လိုအပ်နေဆဲလို့ ဇီယက်ချ်ကို တိုက်တွန်းလိုက်တဲ့ တူချယ်

9:42 AM, 3 November

ချန်ပီယံလိဂ်မှာ မယ်လ်မိုကို အနိုင်ရရှိပြီးနောက် တူချယ်က ချဲလ်ဆီးစတား ဇီယက်ချ်ဟာ ဧရိယာ ၂ ခုမှာ တိုးတက်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇီယက်ချ်ဟာ မယ်လ်မိုနဲ့ပွဲမှာအသင်းဖော် အိုဒွိုင်းလ်ရဲ့ ပေးပို့မှုကနေ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပိုင်ရှင် ချဲလ်ဆီးဟာ နောက်တစ်ဆင့်တက်ဖို့ ပြင်ဆင်နေကာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တူချယ်ကတော့ သြဂုတ်လတုန်းက ဗီလာရီးရဲလ်အသင်းနဲ့ ဥရောပစူပါဖလားပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေခဲ့ရကာ ဆုံးဖြတ်ပိုင်းနဲ့ ဂိုးရှေ့မှာ အဆုံးသတ်သေချာဖို့လိုအပ်နေဆဲလို့ ယုံကြည်နေဆဲလို့ဆိုပါတယ်။

“ဇီယက်ချ်က ဆုံးဖြတ်ချက်ချတဲ့အပိုင်း နဲ့ ဂိုးသွင်းသေချာဖို့ လိုအပ်နေဆဲပါ။ အဲ့ ၂ ခုတော့ လိုအပ်နေဆဲဖြစ်သလို ဒဏ်ရာတွေကလည်း သူ့ကိုနှိပ်စက်နေပါတယ်။ သူအလုပ်သာကြိုးစားခဲ့ရင် အစောဆုံးပြန်လာနိုင်မှာပါ။ ဒါပေမယ့် အခုလက်ရှိ အနေအထားအတွက်တော့ ကျွန်တော်ပျော်ပါတယ်။တူချယ်ရဲ့ ချဲလ်ဆီး အသင်းဟာ စနေနေ့မှာ ဘန်လေ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်”

#ချဲလ်ဆီး #ဇီယက်ချ် #ချန်ပီယံလိဂ် #မယ်လ်မို