ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်ကြားက ကွာခြားချက်ကို ပြောပြသွားတဲ့ အလာဘာ

1:14 PM, 2 November

၂သင်းကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပေမဲ့ ဒေးဗစ် အလာဘာဟာ ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလာဘာဟာ ရီးရဲလ်ကို ပြောင်းသွားခဲ့ပြီး အဆိုပါ အချိန်ကတည်းက မက်ဒရစ်ခံစစ်မှာ အဓိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အလာဘာက “ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်လိုပဲ ကမ္ဘာမှာ အကြီးမားဆုံး အသင်း၁သင်းပါ။ ၂သင်းစလုံးက တကယ့်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကို လေးစားသမှုနဲ့ ပြောရရင်တော့ ရီးရဲလ်က အရာရာမှာ ပိုပြီး ကြီးကျယ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အလာဘာဟာ ဘွန်ဒက်စ်လီဂါမှာ ၁၃နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ထွက်ခွာလာခဲ့ကာ ရီးရဲလ်မှာ ရာမို့စ်ရဲ့နေရာကို အစားဝင်ခဲ့ပါတယ်။ တိုနီ ခရူးစ်ဟာလည်း ဘိုင်ယန်ကနေ ရီးရဲလ်ကို ပြောင်းလာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အလာဘာက အသင်းဖော်ဟောင်းဟာ စပိန်မှာ သူ့ကို ကူညီခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အလာဘာက “ခရူးစ်က ကျွန်တော့်ကို သီးသန်တစ်ဖြစ်လဲ ကူညီပေးပါတယ်။ သူ့ဇနီးသည်ကလည်း ကျွန်တော့်ချစ်သူကို ကူညီခဲ့ပါတယ်”လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ရာသီတိုင်း ချန်ပိယံလိဂ်ရဖို့ မှန်းပေမဲ့ ဘဏ္ဍာရေးအရတော့ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့ကို မယှဉ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ယခုနှစ် ချန်ပီယံလိဂ် ဘယ်သူရနိုင်လဲဆိုတဲ့အပေါ် အလာဘာက “ဘိုင်ယန်မြူးနစ်မှာ သေချာပေါက် အခွင့်အရေး ရှိပါတယ်။ လီဗာပူးကလည်း ချဲလ်ဆီး၊ ပီအက်စ်ဂျီတို့လို တောင့်တင်းတဲ့ အသင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆုဖလားရဖို့ကတော့ အချိန်တွေ လိုနေပါသေးတယ်”လို့ ဆိုခဲ့ပါတယ်။

#လာလီဂါ #အလာဘာ #ရီးရဲလ်မက်ဒရစ် #ဘိုင်ယန်မြူးနစ်