ရှေ့သို့
Image

မယ်လ်မိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်တဲ့ ပူလီဆစ်

11:09 AM, 2 November

ခရစ္စတီယန် ပူလီဆစ်ဟာ မယ်လ်မိုနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ကြောင်း သိရပါတယ်။ အမေရိကန်သားဟာ စက်တင်ဘာလအစောပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရပြီး ဩဂုတ်လ ၁၄ရက်နေ့ကတည်းက နားနေရတာပါ။

ပူလီဆစ်ဟာ ယနေ့ည မယ်လ်မိုနဲ့ ပွဲစဉ်အတွက် ဆွီဒင်ကိုသွားမယ့် လူစာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။ ဒါကတော့ ကစားသမားဘ၀တစ်လျောက် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ၂၃နှစ်သားအတွက် သတင်းကောင်း၁ခုပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် သတင်းဆိုးတစ်ခုကတော့ အဆိုပါပွဲစဉ်မှာ ဒဏ်ရာ အသီးသီးရနေတဲ့ မေဆင်မောင့်၊ လူကာကူ၊ ကိုဗာဆစ်၊ ဝါနာတို့ ပါဝင်နိုင်မှာ မဟုတ်တာပဲ ဖြစ်ပါတယ်။ တူချယ်က မေဆင်မောင့်ဟာ ဖျားနာနေပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေတာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

တူချယ်က “သူတို့ ၄ယောက်က ကံမကောင်းစွာပဲ ဒဏ်ရာရနေတာကြောင့် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ မေဆင်အတွက်ကတော့ သူ နေမကောင်းသေးပေမဲ့  ကောလာဟလတွေ ပျံ့နေသလို ကိုဗစ်တော့ မဟုတ်ပါဘူး။ သူက ဖျားနာနေတာပဲ ဖြစ်ပြီး မယ်လ်မိုနဲ့ပွဲမတိုင် လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ပါဘူး။ သတင်းကောင်းကတော့ ပူလီဆစ် မနက်ဖြန် လူစာရင်းထဲ ပါဝင်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ပူလီဆစ် #ချန်ပီယံလိဂ် #မယ်လ်မို