ရှေ့သို့
Image

ဂရေဟမ်ပေါ်တာက ထိပ်တန်းနည်းပြ ဖြစ်လာရန် လိုအပ်နေတဲ့ အရာအားလုံးရှိနေပါတယ် - ဂျာဂင်ကလော့ပ်

3:14 PM, 1 November

ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းကာ စွဲမက်ဖွယ်ကစားပုံနဲ့အတူ အားလုံးရဲ့ ချီးကျူးသံတွေ ရလာတဲ့ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာဟာ ဆောက်ဂိတ်နေရာ ဆက်ခံမ်ယ့ အနာဂတ်အင်္ဂလန်နည်းပြအဖြစ် ရေပန်းစားလာပါတယ်။ ဘရိုက်တန်နဲ့ အန်ဖီးလ်မှာ ၂-၂သရေကျပြီး ပွဲအပြီးတွင် ကလော့ပ်ကိုယ်တိုင်က ဂရေဟမ်ပေါ်တာဟာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်လာနိုင်တယ်လို့ချီးကျူးပြောကြားသွားခဲ့ပါတယ်။

“သူက လိုအပ်သမျှအားလုံးရှိနေသူပါ။ သူမှာ ဘောလုံးနဲ့ပက်သက်တဲ့ ထင်ရှားတဲ့ အိုင်ဒီယာတစ်ခု ရှိပါတယ်။ သူတကယ့်ကို ထူးချွန်တဲ့ အလုပ်ကို လုပ်နေပါတယ်။ သူလိုချင်တဲ့ ကစားဟန်ကို အသင်းမှာ သွတ်သွင်းထားပါတယ်။ သူက တီထွင်သူနဲ့စွန့်စားတတ်သူလည်း ဖြစ်တယ်။ သေချာပေါက် သဘောကောင်းတဲ့ လူလည်း ဖြစ်ကာ သူ့အသင်းရဲ့ ကစားဟန်ကို ကြည့်ရင် သူရဲ့ အရည်အသွေးကို ထင်ဟပ်ပြနေပါတယ်။တခြားကလပ်တွေထံ ဘရိုက်တန်နည်းပြ ရောက်သွားနိုင်တယ်ဆိုတာကို မပြောချင်ပါဘူး ဒါပေမဲ့ သူရဲ့အနာဂတ်ကို မစိုးရိမ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် တော့တင်ဟမ်အသင်းဟာ ရလဒ်တွေဆိုးနေတဲ့ နည်းပြ နူနိုဆန်းတို့စ်ကို ထုတ်ပယ်ဖို့ပြင်ဆင်နေပြီး ဂရေဟမ်ပေါ်တာကို ခေါ်ယူမယ်လို့သတင်းပြေးလာပါတယ်။ ပြီးခဲ့တဲအပတ်က မန်စီးတီးက ဘရိုက်တန်ကို ၄-၁ဂိုးဖြင့် အနိုင်ကစားရာတွင်လည်း ဘောလုံးပိုင်ဆိုင်မှုချင်း ယှဉ်ကစားနိုင်ခဲ့တဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို ဂွါဒီယိုလာလည်း ချီးကျူးခဲ့ပါသေးတယ်။

တဖက်မှာ လီဗာပူးအသင်းက ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကို အနိုင်ကစားခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ဘရိုက်တန်ကို သရေသာကစားနိုင်ခဲ့ကာ ဇယားထိပ်က ချဲလ်ဆီးနဲ့၃မှတ်ပြတ်သွားပါတယ်။ အထူးသဖြင့် နာဘီကေတာနာသွားပြီးနောက်ပိုင်း ကွင်းလယ်မှာ အားနည်းချက်တွေဖြစ်ပေါ်ခဲ့ပြီး ချိန်ဘာလိန်၊ဟန်ဒါဆန်၊ ကာတစ်ဂျုံးစ်တို့အတွဲက အံ့မဝင်ခဲ့တာဖြစ်ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် ကလော့ပ်က သူတို့အသင်းဟာ ဒီထက်ပိုကောင်းအောင်ကစားနိုင်ပြီး ချိန်ဘာလိန်အနေနဲ့လည်း ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။

သရေသာရခဲ့ပေမယ့် လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၂၄ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားပြီး ၁၉၈၉ခုနှစ်နောက်ပိုင်း အကောင်းဆုံးမှတ်တမ်း ဖြစ်နေသည်။ဘရိုက်တန်နဲ့ပွဲက သရေထက်စာရင် ရှုံးနိမ့်သလို ခံစားရတယ်လို့နောက်ခံလူ ရော်ဘတ်ဆန်က ပြောပါတယ်။

“ပွဲက ရှုံးနိမ့်သလိုခံစားရပါတယ် ကျွန်တော်တို့ဒီထက်ပိုကောင်းအောင် ကစားနိုင်ရမှာပါ ကျွန်တော်တို့ကစားပုံကို ဒီထက်ပို တည်ငြိမ်မှုရှိအောင် လုပ်ရမှာပါ”ဟု ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဂရေဟမ် ပေါ့တာ