ရှေ့သို့
Image

မဆိုင်ပဲ အဝါကတ်ပြခံရတဲ့အတွက် ပေါက်ကွဲကာ ဒိုင်ကို အပြင်းအထန် စောဒကတက်ခဲ့တဲ့အတွက် အထုတ်ခံလိုက်ရတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

3:04 PM, 1 November

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အယ်လ်ရေယန်အတွက် ကစားပေးနေစဉ် မဆိုင်ပဲ အဝါကတ်ထိခဲ့တာကြောင့် ပေါက်ကွဲခဲ့ကာ စောဒကတက်ဖို့ ကွင်းလယ်ဒိုင်နောက်ကို ပြေးလိုက်ပြီး စောဒကတက်ခဲ့ပါတယ်။

ကိုလံဘီယာသားဟာ အဲဗာတန်ကနေ ထွက်ခွာခဲ့ပြီး ၃ပွဲမြောက်အဖြစ် အယ်လ်ရေယန်အတွက် ကစားပေးခဲ့တဲ့ပွဲစဉ်မှာ အယ်လ်အရာဘီကို ၂-၁ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

ဒါပေမဲ့ ဂျိမ်းစ်ဟာ အဆိုပါပွဲစဉ်အတွင်း မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် နာမည်ကြီးသွားခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ပြိုင်ဘက်ခံစစ်မှူးရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပေမဲ့ အံ့အားသင့်ဖွယ် အဝါကတ်ပြခံလိုက်ရပါတယ်။

ကိုလံဘီယာသားဟာ ဧရိယာအစပ်နားမှာ ပြိုင်ဘက် ခံစစ်မှူးရဲ့ လူချကစားခြင်းခံခဲ့ရပြီးနောက် ၂ဖက် ကစားသမားတွေကြား တွန်းထိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဂျိမ်း်စ မြေကြီးပေါ် လဲနေခဲ့ပါတယ်။

ပြန်ထလာပြီး ဖရီးကစ်ကန်ဖို့ ပြင်ဆင်နေချိန်မှာပဲ ကွင်းလယ်ဒိုင်က အချင်းများမှုနဲ့ မဆိုင်တဲ့ ဂျိမ်းစ်ကို အဝါကတ်ပြခဲ့ပါတယ်။

ဂျိမ်းစ်က အဆိုပါ ပြစ်ဒဏ်အပေါ် ‌ပြင်းထန်စွာ စောဒကတက်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ၂ဝါ၁နီနဲ့ ထုတ်ပယ်ခဲ့ကာ အသက်၃၀အရွယ် ကစားသမားက လက်ခုပ်တီးကာ ကွင်းထဲက ထွက်သွားခဲ့ပါတယ်။

ကွင်းလယ်ဖန်တီးရှင်ဟာ အနီကတ်ပြခံရပြီးချိန် ပြုလုပ်ခဲ့တဲ့ အပြုအမူအတွက် အရေးယူခံရဖို့ ရှိနေပါတယ်။

ဂျိမ်းစ်ဟာ ၂၀၂၀ခုနှစ် နွေရာသီက နည်းပြ အန်ဆယ်လော့တီရဲ့ ခေါ်ယူမှုနဲ့အတူ အဲဗာတန်ကို ရောက်လာပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။

နည်းပြ ဘင်နီတက်ဇ်လက်ထက် ပွဲထွက်ခွင့် မရခဲ့တဲ့နောက် ဂျိမ်းစ်ဟာ အသင်းက ထွက်ခွာကာ ကာတာကလပ်ကို ပြောင်းသွားခဲ့ပါတယ်။

 

#အဲဗာတန် ဂျိမ်းစ်ရိုဒရီဂွက်ဇ်