ရှေ့သို့
Image

လူကာကူနဲ့ ဝါနာ ဂိုးပေါက်ပြန်တွေ့ဖို့ Wing Backမှာ ထားကစားရမယ်ဆိုပြီး တူချယ် နောက်ပြောင်

12:04 PM, 1 November

ချံလ်ဆီးနည်းပြ သောမက်စ် တူချယ်က ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ လူကာကုနဲ့ ဝါနာ ဂိုးပေါက်ပြန်တွေ့စေဖို့ wing backမှာ ထားကစားရမယ်ဆိုပြီး နောက်ပြောင်သွားခဲ့ပါတယ်။

လူကာကူနဲ့ ဝါနာတို့ဟာ ဒဏ်ရာအသီးသီးကြောင့် နိုင်ငံတကာပွဲစဉ်တွေအထိ အနားယူရဖို့ ရှိနေပါတယ်။

တူချယ်မှာ တိုက်စစ်မှူးနေရာ ရွေးချယ်စရာ မရှိတော့ပေမဲ့ ချဲလ်ဆီးကတော့ မထင်မှတ်ထားတဲ့ ပုံစံနဲ့ ဂိုးပြတ်တွေ အနိုင်ရကာ ဇယားထိပ်မှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

Wing backတွေဖြစ်တဲ့ ရီစီဂျိမ်းစ်နဲ့ ဘန် ချီဝဲလ်တို့ဟာ တိုက်စစ်မှူးတွေ မရှိချိန်မှာ ဂိုးသွင်းတဲ့နေရာ အားကိုနေရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲမှာ ၂ဦးပေါင်း ၆ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာလည်း ချဲလ်ဆီးတို့ ဂိုးသွင်းရ ခက်ခဲနေချိန် ရီစီဂျိမ်းစ်က တစ်ဦးတည်း ၂ဂိုးသွင်းကာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။

ဘန်ချီဝဲလ်ကလည်း နောဝစ်ချ်၊ ဘရန့်ဖို့ဒ်နဲ့ ဆောက်သမ်တန် ၃ပွဲဆက်ကို ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

လူကာကူနဲ့ ဝါနာတို့ဟာ ဒဏ်ရာမရခင် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တူချယ်က အဆိုပါ တိုက်စစ်မှူး၂ဦး ဂိုးပေါက် ပြန်တွေ့စေဖို့ နေရာအသစ်မှာ ထည့်ကစားရမယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

တူချယ်က “ကျွန်တော်တို့ သူတို့၂ယောက်ကို WING Backမှာ ထည့်ကစားရမယ်ထင်တယ်။ ပွဲစဉ်တွေက ရှုပ်ထွေးပြီး အိုဒွိုင်းလ်သာ မလိမ်နိုင်ရင် ဂျိမ်းစ် ဂိုးသွင်းနိုင်မှာ မဟုတ်သလို ချီဝဲလ်သာ နေရာလွတ် မဖော်ပေးရင် အိုဒွိုင်းလ်လည်း လိမ်နိုင်မဟုတ်ပါဘူး”

“ကျွန်တော်တို့ ကိုင်ဟားဗက်ဇ် တိုက်စစ်မှူးအဖြစ် ကစားစဉ် အန္တရာယ် ပေးနိုင်ခဲ့သို ဘာကလေ၊ လော့ဖ်တက်ချိတို့ ဝင်လာချိန်မှာလည်း အန္တရာယ်ပေးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

လူကာကူဟာ နွေရာသီက စံချိန်တင် ပေါင် ၉၇.၅သန်းနဲ့ ရောက်လာခဲ့ပြီးနောက် ကောင်းမွန်တဲ့ ရာသီအစကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားဟာ ပရီးမီးယားလိဂ် အဖွင့် ၃ပွဲမှာ ၃ဂိုးသွင်းနိုင်ခဲ့ပေမဲ့ နောက်၄ပွဲမှာတော့ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

တစ်ဖက်မှာလည်း ဝါနာက ဒဏ်ရာမရခင် လိဂ် ၇ပွဲမှာ ၁ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

#လူကာကူ #ချဲလ်ဆီး #ဝါနာ #တူချယ်