ယူနိုက်တက်ကို ဂိုးပြတ်ရှုံးပြီးနောက် နည်းပြ ရာထူးကနေ ထုယ်ပယ်ခံရဖို့ နီးစပ်လာတဲ့ နူနို ဆန်းတို့
8:59 AM, 1 November
နူနို ဆန်းတို့ဟာ ယူနိုက်တက်ကို စနေည ဂိုးပြတ်ရှုံးပွဲအပြီး ထုတ်ပယ်ခံရဖို့ နီးစပ်လာခဲ့ကာ ပရိသတ်တွေထံကနေလည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တော့တင်ဟမ် ဥက္ကဌ ဒန်နီရယ် လီဗိုင်းအပြင် အားကစားဒါရိုက်တာ ဖေဘီယို ပါရာတီချီတို့ဟာ ယမန်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီး ဆန်းတို့ရဲ့ အနာဂတ်အပေါ် ဆွေးနွေးခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် ၇ပွဲမှာ ၅ပွဲရှုံးခဲ့တဲ့ အသင်းရဲ့ ယခုအပတ်တွေအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းမှုက လီဗိုင်းအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ကို ဂိုးပြတ်ရှုံးပြီး ပရိသတ်တွေရဲ့ ပြင်းထန်မှုတွေကြောင့် လီဗိုင်းတစ်ယောက် နူနိုရဲ့ အနာဂတ်အပေါ် စဉ်းစားမှုတွေ ပြုလုပ်ခဲ့ရတာပါ။
တနင်္ဂနွေနေ့က အစည်းအဝေးဟာ နူနိုရဲ့ အနာဂတ်အတွက် တိုက်ရိုက် ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်လည်း ပါဝင်နေပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ရှုံးခဲ့ပေမဲ့ နူနိုအနေနဲ့ အနည်းဆုံး ဗီတက်စီနဲ့ ယူရိုပါကွန်းဖရင့်လိဂ် ပွဲစဉ်ကိုတော့ ဆက်ကိုင်တွယ်ရဖို့ ရှိနေပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့ ဘုတ်အဖွဲ့ အစည်းအဝေးကြောင့် နူနိုရဲ့ အနာဂတ်က ထုတ်ခံရဖို့ တော်တာ်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။ ပေါ်တူဂီသားရဲ့နေရာ အစားထိုးနိုင်မယ့် နည်းပြ လက်ရှိ မရှိခြင်းကလည်း နူနိုတစ်ယောက် အသင်းမှာ ဆက်ရှိနေရတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် တော့တင်ဟမ်က သဘောကျတဲ့ နည်းပြအဖြစ် ပေါ်တိုနည်းပြ ကွန်စီကာအို ရှိနေသလို နယူးကာဆယ်နဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဖွန်ဆီကာလည်း လစ်လပ်နည်းပြထဲ ပါဝင်နေခဲ့ပါတယ်။ နူနို ထုတ်ယပ်ခံရရင် ယမန်နှစ်ရာသီ မော်ရင်ဟို ထုတ်ခံရတုန်းက ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ရိုင်ယန် မေဆင်လည်း ရှိနေခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပွဲအပြီးမှာ ကွင်းလယ်လူ ဟိုဂျက်က တော့တင်ဟမ်ရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။