မိုရာနေရာမှာ ဘာ့ဂျ်ဝင်နဲ့လူစားလဲခဲ့တာကြောင့် ပရိသတ်တွေရဲ့ သရော်ခြင်းခံခဲ့ရတဲ့ နူနိုဆန်တို
1:30 PM, 31 October
တော့တင်ဟမ်အသင်းပရိသတ်တွေဟာ နူနိုဆန်တိုတစ်ယောက် ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ မိုရာနေရာအတွက် ဘာ့ဂျ်ဝင်ကိုလူစားလဲခဲ့တာကြောင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ တော့တင်ဟမ်ဟာ ယူနိုက်တက်ကိုအိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်ဂိုးတွေကို ရော်နယ်ဒို ၊ ကာဗာနီ နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နူနိုဟာ ဆိုးလ်ရှားလိုပဲ ဖိအားတွေနဲ့ရင်ဆိုင်နေရကာ ဒုတိယပိုင်းစစချင်း ၁၀ မိနစ်မှာ လူစားလဲခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်နေချိန် မိုရာနေရာမှာ ဘာ့ဂျ်ဝင်ရဲ့လူစားလဲခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ် ပရိသတ်တွေကတော့ အဆိုပါလူစားလဲမှုကို သရော်ခဲ့ကြပါတယ်။ “ဘာကြောင့် မိုရာကို ထုတ်တာလည်း လက်မခံနိုင်စရာပါ”လို့ တော့တင်ဟမ် ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
နူနိုကိုယ်တိုင်ကလည်း မိမိတို့အသင်းဟာ ကစားပုံမကောင်းခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။