ရှေ့သို့
Image

အေဂျက်နည်းပြကို ခေါ်ယူဖို့ ရုန်းကန်နေရတဲ့ နယူးကာဆယ်

12:37 PM, 31 October

သတင်းတွေအရ နယူးကာဆယ် အသင်းပိုင်ရှင်တွေဟာ အေဂျက်နည်းပြ အဲရစ်တန်ဟက်ချ်ကို ခေါ်ယူနိုင်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ တန်ဟက်ချ်ကတော့ ဆော်ဒီသူဌေးတွေပိုင်တဲ့ နယူးကာဆယ်ကိုပြောင်းဖို့ မငြင်းဆန်ထားဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဟော်လန်ကလာတဲ့ သတင်းတွေအရ တန်ဟက်ချ်ဟာ နယူးကာဆယ်ကိုလာဖို့ စဉ်းစားနေဆဲလို့ ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ဟာ တန်းဆင်းဇုန်တိုက်ပွဲကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အဆိုပါအချက်က တန်ဟက်ချ်ကို ခေါ်ယူဖို့ အခက်အခဲတစ်ရပ် ဖြစ်လာဖွယ်ရှိနေပါတယ်။ “ချန်ပီယံလိဂ် ဒါမှမဟုတ် ချန်ပီယံရှစ် တစ်ခုခုတော့ ရွေးရပါမယ်။ အခုတော့ အေဂျက်က ချန်ပီယံလိဂ်မှာရှိနေပါသေးတယ်”

“နောက်တစ်ဆင့်တက်နိုင်ချေလည်းရှိနေပါတယ်။ တန်ဟက်ချ်ရွေးချယ်ရမှာပါ”လို့ သတင်းထောက်တစ်ဦးက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ် ချိတ်ဆက်နေတဲ့ အေဂျက်နည်းပြကို  ဘာစီလိုနာကနေထုတ်ပယ်ခံခဲ့ရတဲ့ ကိုးမန်းနေရာအတွက် ကတ္တလန်ကလပ်က စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ကလည်း ဆိုးလ်ရှားနေရာအတွက် တန်ဟက်ချ်ကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၅၁ နှစ်သားဟာ မကြာသေးခင်တုန်းက တော့တင်ဟမ်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချထားခဲ့သူဖြစ်ပါတယ်။ သတင်းအချို့ကတော့ တန်ဟက်ချ်ကို နယူးကာဆယ်အသင်းက ချိတ်ဆက်နေဆဲလို့ ဖော်ပြနေကြပါတယ်။ နယူးကာဆယ်ရဲ့ ပစ်မှတ်ထဲမှာ ဒေါ့မွန်နည်းပြ ဖာဘရီ ၊ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာတို့လည်း ပါဝင်နေပါတယ်။

#ဖာဘရီ #နယူးကာဆယ် #ဖွန်ဆီကာ #အဲရစ်တန်ဟက်