ရှေ့သို့
Image

ပီအက်စ်ဂျီစတား ဂူယီကို ခေါ်ယူနိုင်မယ့်အရေး လွဲချော်ခဲ့တဲ့ ယူနိုက်တက်

11:38 AM, 31 October

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီရာသီမှာ ကွင်းလယ်ခံစစ်ကို အဓိကထားခဲ့ကာ ပီအက်စ်ဂျီစတား ဂူယီကိုခေါ်ယူနိုင်ဖို့ လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။ မာတစ်ရဲ့ စွမ်းဆောင်ရည်ကျဆင်းနေသလို ပေါ့ဂ်ဘာကလည်း မသေချာတာကြောင့် ကွင်းလယ်ပိုင်းအတွက် ဂူယီ ဒါမှမဟုတ် ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေပါတယ်။

အသက် ၃၂ နှစ်သား ဂူယီဟာ ပရီးမီးယားလိဂ်မှာ အဲဗာတန် ၊ ဗီလာတို့နဲ့အတူ အတွေ့အကြုံရှိပြီးသားဖြစ်ကာ ဝှစ်ချ်နယ်ဒန်ရောက်လာတာကြောင့် ပရီးမီးယားလိဂ်ကိုလာချင်နေတယ်လို့ သိရပါတယ်။ မာတစ်ဟာ ဆိုးလ်ရှားရဲ့ကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့အတူ ကွင်းလယ်ခံစစ်ကို တာဝန်ယူပေမယ့် ဖရက်ဒ်နဲ့တိုမီနေးကတော့ တိုက်စစ်ကိုလိုက်ပါတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂူယီကိုခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေကာ ဆွေးနွေးမှုတွေရှိနေပြီး မာတစ် ၊ ပေါ့ဂ်ဘာ နဲ့ လင်ဂတ်တို့က ထွက်ခွာဖို့များနေပါတယ်။ ဆီနီဂေါသားဟာ ပီအက်စ်ဂျီကွင်းလယ်မှာ ခြေစွမ်းပြနေပြီး မက်ဆီ ၊ မက်ပီ ၊ နေမာတို့ကို လွတ်လွတ်လပ်လပ်ကစားစေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ လက်စတာကို ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အနီကတ်ထိခဲ့တာကြောင့် ဝေဖန်မှုတွေပိုများလာခဲ့ပါတယ်။ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်လာသလို ပေါ့ဂ်ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာဟာ သူ့ကစားသမားကို အသင်းပြောင်းဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် # ဂူယီ #ဆိုးလ်ရှား #အပြောင်းအရွှေ့ #ပေါ့ဂ်ဘာ #လင်ဂတ်