ရှေ့သို့
Image

လာမယ့်ဇန်နဝါရီမှာ ဂိုးသမားကာရီးယက်စ်ကို အလွတ်ဖြင့် ထွက်ခွာခွင့်ပေးဖွယ်ရှိတဲ့ လီဗာပူး

11:30 AM, 31 October

လီဗာပူးအသင်းက လာမယ့်ဇန်နဝါရီလမှာ အလွတ်ဖြင့် ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်နေတာကြောင့် ဂိုးသမားကာရီးယက်စ်ရဲ့  ကြိုးကြာနီမှာ ရှိနေတဲ့ အိပ်မက်ဆိုးတွေဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသက်၂၈နှစ်သားဟာ လွန်ခဲ့တဲ့ ၃နှစ်တာကာလလုံး လီဗာပူးအတွက် ပြိုင်ပွဲတစ်ပွဲမှ မကစားခဲ့ရပါဘူး ကလပ်နဲ့လည်း စာချုပ်က ရှိထားခဲ့ပြီး ယခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် သူဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းသစ်ရှာဖို့ ပြင်ဆင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ကာရီးယက်စ်ဟာ ၂၀၁၆ခုနှစ်က မိန်ဇ်အသင်းကနေ ပေါင်၅.၅သန်းဖြင့် ရောက်ရှိလာခဲ့ပေမယ့် ဂျာမန်သားဟာ လက်စွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ကို ၃-၁ဂိုးဖြင့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ရာတွင် သူရဲ့ အမှား၂ကြိမ်ကြောင့် ကြိုးကြာနီတွေဟာ ဂိုးတွေပေးလိုက်ရကာ ဆုဖလားလက်လွတ်ခဲ့တဲ့ အချိန်မှစတင်ကာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးသွားပါတယ်။

မယ်ရာသတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ကာရီးယက်စ်အား လာမယ့်ဇန်နဝါရီမှာ အလွတ်ဖြင့် ထွက်ခွာခွင့် ပေးသွားဖို့ရှိပါတယ်။ ဂျာမန်သားဟာ ဘီဆစ်တပ်စ်၊ ယူနီယံဘာလင်အသင်းတွေမှာ အငှားဖြင့် ထွက်ကစားထားခဲ့ပါတယ်။ တူရကီကလပ်နဲ့ စာချုပ်၂နှစ်နဲ့အတူ သွားရောက်ကစားခဲ့ပေမယ့် လစာမပေးတဲ့ လတွေ ရှိလာတဲ့အတွက် ၂၀၂၀မေလမှာ ကာရီးယက်စ် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ယခုနှစ်နွေရာသီမှာ လီဗာပူးအသင်းထံ ကာရီးယက်စ် ပြန်လာခဲ့ပြီး လေ့ကျင်ရေးဆင်းနေကာ အသင်းရဲ့ ပွဲစဉ်တွေမှာတော့ မပါဝင်ထားဘဲ အလီဆင်၊ဂေါ်လက်ဟာ၊ အက်ဒရီယန်တို့နောက်မှသာ ဦးစားပေးအဖြစ် ရှိနေပါတယ်။ဒါကြောင့် လာမယ့်ဆောင်းရာသီမှာတော့ ကာရီးယက်စ်တစ်ယောက် လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာကာ အသင်းသစ်ရှာဖွေသွားရဖွယ် ရှိနေပါတယ်။

#လီဗာပူး #မိန့်ဇ် #အပြောင်းအရွှေ့ #ကာရီးယက်စ်