ရှေ့သို့
Image

သူ့ကို ဖိအားတွေ လျော့နည်းစေခဲ့တဲ့ ရော်နယ်ဒိုနဲ့ ကာဗာနီတို့ကို ဆိုးလ်ရှား ချီးကျူး

9:03 AM, 31 October

ဆိုးလ်ရှားဟာ တော့တင်ဟမ်ကို ဂိုးပြတ်နိုင်အပြီး ဖိအားအနည်းငယ် လျော့သွားတယ်လို့ ခံစားရပေမဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အီဒင်ဆင် ကာဗာနီတို့ကို ချီးကျူးသွားခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူး၂ဦးဟာ ဆိုးလ်ရှားရဲ့  နည်းပြ ရာထူးအတွက် အလွန်အရေးပါတဲ့ ပွဲစဉ်မှာ တစ်ယောက်တစ်ဂိုးစီ သွင်းယူကာ နော်ဝေသားကို ကယ်တင်ပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက ယူနိုက်တက် နည်းပြအဖြစ် တာဝန်စယူကတည်းက ဖိအားဆိုတာ ရှိတာပဲလို့ ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ပထမ ၆မိနစ် ၇မိနစ်လောက်ကလွဲရင် အတွေ့အကြုံက စကားပြောသွားတာပါပဲ။ ကျွန်တော် နောက် ၃နှစ်လောက် ဆက်ရှိရင်လည်း အင်္ဂါနေ့ လေ့ကျင့်ခန်း အစီအစဉ်က ကာဗာနီရဲ့  စွမ်းဆောင်ရည်က ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ”

“ရော်နယ်ဒိုနဲ့ ကာဗာနီတို့က အတူကောင်းကောင်း တွဲကစားနိုင်ပါတယ်။ သူတို့မှာ အချင်းချင်း ကြီးမားတဲ့ လေစားမှုတွေ ရှိကြပါတယ်။ သူတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က အတုမရှိပါဘူး။ သူတို့ အသင်းအတွက် ဘာပဲဖြစ်ဖြစ် ပေးဆပ်ကစားကြပါတယ်။ အသင်းက အသင်းလိုက် ကစားမှ တိုးတက်တာပါ။ တစ်ယောက်ယောက်က ယူနိုက်တက်အတွက် မကစားနိုင်ဘူးဆိုရင် သူတို့ ကစားခွင့်ရမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဖိအားတွေနဲ့ ပတ်သက်ပြီးတော့ ဆိုးလ်ရှားက ယူနိုက်တက်မှာ စကိုင်တဲ့ အချိန်ကနေ စတင်ပြီး ဖိအားဆိုတာ ရှိတာပဲလို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။ “ဒီအပတ်က ကစားသမားတွေအတွက် ခက်ခဲပါတယ်။ ပရိသတ်တွေအတွက်လည်း ပျော်စရာမကောင်းပါဘူး။ ဒီပွဲက တစ်ပွဲတည်းဖြစ်ပြီး နောက်ပွဲ အတ္တလန္တာနဲ့ ပွဲမှာလည်း ပျော်ရွှင်အောင် ကစားနိုင်ဖို့ လိုပါတယ်”

“အဲ့ဒီမှာ မတူညီတဲ့ အင်တာဗျူးနဲ့ အားပေးမှု ရနိုင်ပေမဲ့ ဒါကဘောလုံးပါပဲ။ အားလုံး ပျော်အောင် လုပ်နိုင်ခဲ့ရင် နောက်ပွဲအတွက် ဆက်ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့မှာ ခရစ္စတီယာနိုနဲ့ အီဒင်တို့လို အတွေ့အကြုံရင့် ကစားသမားတွေ ရှိနေပါတယ်။ ပြီးတော့ တိုမီနေးရဲ့ ကစားပုံကြောင့်လည်း ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ #တော့တင်ဟမ် #ဆိုးလ်ရှား #ရော်နယ်ဒို