ရှေ့သို့
Image

လီဗာပူးကို ရှုံးနိမ့်ပြီးနောက် ကာရင်တန်ကို ဆာအဲလက်စ်ရောက်လာကြောင်း ဆိုးလ်ရှားဖွင့်ဟ

3:31 PM, 30 October

မန်ချက်စတာယူနိုက်တက်က လီဗာပူးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ နည်းပြဆိုးလ်ရှားအတွက် ကြီးမားတဲ့ ဖိအားတွေအောက် ရောက်ရှိသွားခဲ့ပါတယ်။ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြဆိုးလ်ရှားက သူနဲ့ကစားသမားတွေကြား ဘာပြဿနာမှ မရှိပဲ ထရိန်နင်လည်း ကောင်းကောင်းပြုလုပ်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ 

ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောဖြစ်သေးလားလို့ မေးမြန်းရာမှာတော့ သူ့ရဲ့ဆရာဟောင်းလည်း ဒီလိုခက်ခဲတဲ့ လမ်းတွေကိုဖြတ်သန်းခဲ့ရကြောင်းကို နည်းပြဆိုးလ်ရှားက “ ဟုတ်ကဲ့ နှစ်ယောက်လုံး ကြုံဖူးကြပါတယ်။ ဒါက တိုတောင်းတဲ့ကာလတစ်ခုပါပဲ။ ဆာအဲလက်စ်က ထရိန်နင်ကိုလာပြီး စကားနည်းနည်း ပြောခဲ့ပါတယ်။ ခရစ္စတီယာနိုနဲ့လည်း စကားပြောခဲ့ပြီး ကောင်းမွန်တဲ့အချိန်လေးတွေ ဖြစ်ခဲ့ပါတယ်။ ဆာအဲလက်စ်နဲ့ စကားပြောခွင့်၊ တွေ့ခွင့်ရခဲ့တဲ့အတွက် သက်သောင့်သက်သာ ဖြစ်ပါတယ်။ 

ကစားသမားဘဝနဲ့ ဒီအသင်းမှာ အဆိုးရွားဆုံးအချိန်တွေ ဖြတ်သန်းခဲ့ဖူးပြီး နည်းပြဘဝမှာလည်း ဒီလိုကြုံရမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ကျွန်တော်နည်းပြစဖြစ်ကတည်းက တစ်ပွဲကို ၂ ကြိမ် ၃ ကြိမ်လောက်တော့ အမြဲလိုလို ဝေဖန်ခံရပါတယ်။ ဒါတွေအားလုံးကို အကောင်းဆုံး ပုံစံနဲ့ ပြန်လည်ချေဖျက်နိုင်တာချည့်ပါပဲ။ 
ဒီတစ်ပတ်ကတော့ ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တယ်။ လီဗာပူးနဲ့ပွဲက ရလဒ်နဲ့ခြေစွမ်းအပေါ် စိတ်ပျက်မိတာအမှန်ပါ။ ကျွန်တော်တို့ မကောင်းခဲ့တာ သိပါတယ်၊ ဒါကလည်း ဘောလုံးသမားတိုင်း ရင်ဆိုင်ရမယ့် အခြေအနေတစ်ခုပါပဲ။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ပွဲတွေဆက်တိုက် ကစားနေပြီး တစ်ပွဲပြီး တစ်ပွဲ ပိုကောင်းလာအောင် ကြိုးစားနေကြတာပါ။ နောက်တစ်ပွဲက ကျွန်တော်တို့ရဲ့ ပြဿနာတွေကို စိန်ခေါ်မယ့် ပွဲစဉ်ပါ။ ထရိန်နင်မှာတော့ အကောင်းဆုံး ပုံစံရရှိခဲပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ ပေးဂိုးမရှိတဲ့ပွဲစဉ် တစ်ပွဲသာရှိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးနဲ့ပွဲမှာလည်း ခြေစွမ်းပိုင်း အရမ်းကို ဆိုးရွားခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ သူ့အသင်းအနေနဲ့ ဘောက်စင်သမား တိုင်ဆန်ဖျူရီကို နမူနာယူပြီး အရှုံးတွေကနေ ပြန်နိုးထမယ်လို့ ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ ဟုတ်ပါတယ်၊ ရလဒ်တွေကတော့ လုံးဝကို လက်မခံနိုင်စရာပါပဲ။ ဘာလို့ဒီလိုခြေစွမ်း ဖြစ်နေလဲဆိုတာ အဖြေရှာရပါမယ်။ 

ကျွန်တော်တို့ ပုံစံက အရက်ကျေးကျွန်ဖြစ်သွားတဲ့ လက်ဝှေ့သမားတစ်ယောက်လို ပထမအချီရဲ့ ပထမဆုံး ၄ မိနစ်မှာတင် အလဲထိုးခံလိုက်ရတာပါ။ အခွင့်အရေးရရဲ့သားနဲ့ ဂိုးတွေပဲ ပေးနေရတယ်။ အသင်းကောင်းတစ်သင်း ဖြစ်ဖို့ နည်းနည်းတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားဖို့လိုပါတယ်။ တိုင်ဆန်ဖျူရီကိုပဲကြည့်ပါ၊ အလဲထိုးခံရတဲ့ အနေအထားကနေ နှစ်ကြိမ်လောက် ပြန်ထလာနိုင်ပါတယ်။ ကြမ်းပေါ်မှောက်သွားတဲ့အချိန် သူ့ကိုယ်သူ ဘယ်လိုမျိုး တည်ငြိမ်အောင်လုပ်ပြီး ပြန်ထလာလဲဆိုတာ မှတ်သားဖို့လိုတယ်။ ဒိုင်က ၆ ၇ ၈ ရေတယ် အဲ့မှာ သူပြန်ထတယ်၊ ခြေခိုင်အောင်လုပ်ပြီး နောက်တစ်ကြိမ်ထိုးဖို့ သူအဆင်သင့်ပဲ။ 

ကျွန်တော်တို့လည်း လက်ရှိအခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ပိုကောင်းအောင် လုပ်ချင်တဲ့အတွက် အခက်အခဲဆိုတာ ရှိမှာသိပြီးသာပါ။ ရှေ့ဆက်သွားနိုင်ဖို့အတွက် အပွင့်လင်းဆုံးနဲ့ တိုက်ရိုက်စကားပြောဖို့တွေ လိုလာပါတယ်။ ဒါပေမယ့် ကစားသမားတွေကိုယ်တိုင်လည်း ပါဝင်ပက်သက်နိုင်မှ ဖြစ်မှာပါ။ အားလုံးက ပရိုတွေ၊ လူကောင်းတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိမှ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိလာမှာပါ ” လို့ ပြောခဲ့ပါတယ်။ 
#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဖာဂူဆန်