ရှေ့သို့
Image

အရေးနိမ့်မှုတွေကနေ ပြန်လည် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုးလ်ရှား ပြော

1:55 PM, 30 October

မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်ကနေ ပြုတ်လုဆဲဆဲဖြစ်နေခိုက်မှာ ဆိုးလ်ရှားက ဟဲလ်ဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီကို နမှုနာယူကာ သင်ခန်းစာယူရန် သူရဲ့ ကစားသမားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးကို ၅ဂိုးပြတ် ရှုံးနိမ့်ခဲ့ရာတွင် နည်းပြဆိုးလ်ရှားက ပြန်လည်တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့တော့တင်ဟမ်နဲ့ပွဲမတိုင်မီမှာ ပြောပါတယ်။

“ကျွန်တော်တို့(လီဗာပူးနဲ့ပွဲ) ဂိုးပေးလိုက်ရတယ် ဒီအခြေအနေကို ဖြေရှင်းဖို့ကြိုးစားခဲ့တယ် ခံစစ်အနည်းငယ်ပွင့်သွားတယ် အသင်းကောင်း တစ်သင်းနဲ့ရင်ဆိုင်ရာမှာ ဗျာများခဲ့တယ် သင်အနေနဲ့ လဲကျမှုများစွာရှိခဲ့တဲ့ တိုင်ဆန်ဖူရီကို မြင်မှာပါ နံပါတ်ရေတွက်တိုင်းမှာ အဆင်သင့် အနေအထားနဲ့သူပြန်ထပြီး သူရဲ့ စိတ်ရှည်မှု၊ ချုပ်တည်းနိုင်မှုတွေက လေးစားလောက်စရာပါ စိတ်ဓာတ်က ဒီအတိုင်း အကောင်းဆုံးဖြစ်နေရပါမယ်”ဟု ပြောသည်။

ဆိုးလ်ရှားဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့နည်းစနစ်ပိုင်းအားနည်းမှုတွေမှာ ဝေဖန်ခံနေရပြီး သူကတော့ တုံ့ပြန်မှုသာ လိုတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့တုံ့ပြန်မှုတစ်ရပ် လိုပါတယ်။ ကစားသမားတွေရဲ့ စိတ်ကို မှန်ကန်အောင် ထားတတ်ဖို့က ကျွန်တော့်အလုပ်ပါ ဒီလိုတုံ့ပြန်မှုတွေ၊ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ လုံးကွင်းထဲမှာ ကစားခဲ့တာတွေအတွက် ဖြေရှင်းဖို့လိုပါတယ်။ ဒါက ကိစ္စလေးတစ်ခုတင်မဟုတ်ပါဘူး စိတ်ဓာတ်ပိုင်းပြင်ဆင်ဖို့အတွက် ဖြစ်တယ်။ ဒါက ပွဲရဲ့ပလန်၊ နည်းစနစ်ပိုင်းတွေလည်း ဖြစ်တယ်။ ကျွန်တော်တို့ရက်သတ္တပတ်ကောင်းတွေ ရှိခဲ့ဖူးပါတယ် ကောင်လေးတွေက သူတို့ရဲ့အကောင်းဆုံးကို ပေးဆပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ခံစားရပါတယ်”ဟု  ဖြေကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား