ရှေ့သို့
Image

ဘန်ဝှိုက်၊ တီယာနေး၊ ဂါဘရီရယ်၊ တိုမီယာဆုတို့ဟာ အာဆင်နယ်ရဲ့ အနာဂတ်တွေလို့ အာတီတာ ပြော

1:38 PM, 30 October

နည်းပြမီခေး အာတီတာက သူရဲ့ နောက်တန်းကစားသမား၄ယောက်ဟာ လာမယ့်နှစ်တွေအတွင်း  အသင်းရဲ့ အရေးပါသူတွေအဖြစ် ရှိနေမယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့လက စတင်ကာ တိုမီယာဆု၊ ဘန်ဝှိုက်၊ဂါဘရီရယ်၊ တီယာနေးတို့နဲ့အတူ တွဲဖက်ကစားရာတွင် ရှုံးပွဲ မရှိထားပါဘူး။ ၎င်းတို့၄ဦးဟာ ပျမ်းမျှ အသက်၂၃နှစ်သာ ရှိသေးတာကြောင့် သူရဲ့ နောက်တန်း၄ယောက်ဟာ အသင်းက ဂိုးအများအပြားပေးနေရတဲ့ခံစစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေပါတယ်။

“သူတို့မှာ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ကစားတတ်တဲ့ အရည်အသွေးရှိပြီး သူတို့ကြားမှာ ရှိနေတဲ့ ဆက်သွယ်မှုက နေသားကျတဲ့အတိုင်းပါဘဲ။ ကျွန်တော်တို့အောက်တိုဘာလမှာဘဲ ရှိသေးတယ် ပွဲတွေကစားဖို့၈လလောက် ကျန်သေးတယ် ကျွန်တော်တို့ရေရှည်သွားရမှာမို့ဘာတွေ ရနိုင်မလဲ  ကြည့်ရမှာပါ ဒါပေမဲ့ သူတို့နဲ့ပတ်သက်လို့ကျွန်တော်အမှန်တကယ် ကျေနပ်မိမှာပါ။ သူတို့မှာ ရှိတဲ့ တစ်ဦးချင်းစီ အရည်အသွေးကြောင့် အလားအလာရှိပါတယ် ဒီလိုအရည်အသွေးတွေနဲ့သူတို့တစ်ယောက်နဲ့တစ်ယောက် ဖြည့်ကစားကြပါတယ်။ ငယ်ရွယ်တဲ့ဂရုကို ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အတွက် သူတို့ကို ကောင်းစွာ သင်ပြပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာနိုင်ပါတယ် သူတို့မှာ စစ်မှန်တဲ့ အနာဂတ်ကောင်းတစ်ခု ရှိနေပါတယ်”ဟု အာတီတာက ပြောပါတယ်။

အရင်တုန်းက အောင်မြင်မှုတွေရခဲ့တဲ့ ခံစစ်ပိုင်းနဲ့မတူတာကတော့ အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ ဂျပန်၊ အင်္ဂလန်၊ ဘရာဇီး၊ စကော့တလန်ကစားသမားတွေ ရှိနေပါတယ်။

“ကျွန်တော်တို့မတူညီတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ အတွေးအခေါ်၊ နောက်ခံအသိုင်းအဝိုင်းတွေကို ချိတ်ဆက်ရမှာပါ ဘာလို့လဲဆိုတော့ သူတို့က မတူညီတဲ့ ပုံစံတွေနဲ့ သင်ကြားပြသခံထားရလို့ဖြစ်တယ် ဒီလိုအစိတ်အပိုင်းတွေကို ဆက်စပ်ပေးရမယ် ဒါပေမဲ့ ကျွန်တော်ကံကောင်းပါတယ် သူတို့က လေ့လာလိုစိတ်ရှိကြပြီး နားလည်သဘောပေါက်ကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ် ဒီလိုမျိုးကြောင့် အခြေအနေတွေက အနည်းငယ်လွယ်ကူနေပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

ဘယ်နောက်ခံလူ တီယာနေးဟာ ပြီးခဲ့တဲ့အပတ် အက်စတွန်ဗီလာကို အနိုင်ရတဲ့ ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး လက်စတာနဲ့ပွဲမှာ ပါဝင်ဖို့မသေမချာ ဖြစ်နေပါတယ် ၎င်းနေရာမှာ အသက်၂၁နှစ်အရွယ် တာဗာရက်စ်ကို အစားထိုးလာနိုင်ပါတယ်။

အလားတူ ပေါင်သန်း၅၀တန် နောက်ခံလူ ဘန်ဝှိုက်ဟာလည်း ယခုတစ်ပတ်မှာ အဖျားဝေဒနာခံစားထားတာတွေ ရှိပေမယ့် အချိန်မီ ပြန်လည်သက်သာလာဖို့ ရှိနေတယ်လို့ဆိုထားပါတယ်။

#အာတီတာ #အာဆင်နယ် #တီယာနေး #ဘန်ဝှိုက် #ဂါဘရီရယ်