မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ် ပွဲမှာ ဆိုးလ်ရှား နည်းတူ ဖိအားတွေအောက်က ဖြေလျော့နိုင်ဖို့ကြိုးစားရမယ့် နူနိုဆန်းတို့စ်
1:26 PM, 30 October
ယူနိုက်တက်နည်းပြ အိုလီဆိုးလ်ရှားတစ်ဦးတည်း လက်ရှိအချိန်မှာ အသင်းကနေ ထုတ်ပယ်ခံရဖို့နီးစပ်နေတာ မဟုတ်ပါဘူး။ ယနေ့ညမှာ မန်ချက်စတာယူနိုက်တက်ထံ လာကစားမယ့် စပါးနည်းပြ နူနိုဆန်းတို့စ်ဟာလည်း သူဟာ အသင်းအတွက် မှန်ကန်တဲ့ နည်းပြတစ်ဦးဆိုတာ သက်သေပြနိုင်ဖို့ကြိုးစားနေရတဲ့ ကာလဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်မှုနှင့်အတူ ရနိုင်မယ့် ၁၅မှာ ရမှတ်၆မှတ်သာရခဲ့ပြီး အိုလီအတိုင်း နူနိုဟာလည်း ပရိသတ်တွေရဲ့ စိတ်ကုန်ခြင်း ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဘန်လေနဲ့ ကာရာဘောင်ဖလားကစားတုန်းကလည်း အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီဝင့်ခ်၊ ဒယ်လီအလီတို့ကို လူစာရင်းမှာ ချန်လှပ်ခဲ့လို့အများရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ စပါးအသင်းနိုင်သွားခဲ့လို့သက်သာရာရခဲ့ပေမယ့် နူနိုတစ်ယောက် ကစားသမားနှစ်ဦးကို ဒီထက်ပိုကြိုးစားနေချင်တာ သေချာပါတယ်။
မည့်သည်ကစားသမားတစ်ဦးကိုမှ လူသိရှင်ကြား တိုက်ရိုက်ဝေဖန်တာမျိုး မလုပ်ပေမယ့် နူနိုဟာ သူရဲ့ ကစားသမားတွေရဲ့ အသင်းအပေါ် ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲစေလိုနေပါတယ်။ အလီ၊ ဟယ်ရီဝင်ခ်တို့နဲ့လည်း ဘာပြဿနမှ မရှိထားကြောင်း နူနိုက ရှင်းလင်းပြောဆိုထားပါတယ်။ အထူးသဖြင့် ကစားသမားအားလုံးက အသင်းအပေါ် အပြည့်အဝပေးဆပ်ကြဖို့ ဆန္ဒရှိတယ်လို့ပြောပါတယ်။ သူအတိုင်း နည်းပြအလုပ်ကနေ ပြုတ်ဖို့ဖိအားဝင်နေတဲ့ ဆိုးလ်ရှားကို လေးစားမှုရှိတယ်လို့နူနိုက ပြောပါတယ်။
“သူက လေးစားမှုအပြည့်ရှိထိုက်သူပါ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖူးပါတယ် သူက ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို လေးစားစရာကောင်းပါတယ်။ လက်ရှိ ကျွန်တော်အာရုံစိုက်တာက ကျွန်တော် သက်ရောက်မှုရှိနိုင်မယ့်အရာရယ် ထိန်းချုပ်နိုင်မယ့်အရာတွေအပေါ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတူတကွတူရှိမယ့် အချိန်၊ လေကျင့်ရေးမှာ အတူတူလေ့ကျင်ရတာတွေက ကစားသမားတွေအပေါ်မှာ မူတည်နေပါတယ်။ ဖိအားတွေအပေါ်မှာ အာရုံစိုက်နေမယ်ဆိုရင် သင်အိမ်သွားပြီးသာ ဆက်တွေးနေပါ လက်ရှိကတော့ သင်တွေးသမျှကို အာရုံစိုက်ပြီး ဘေးကဆူညံသံတွေကို လျစ်လျူရူရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။