ရှေ့သို့
Image

ယူနိုက်တက်ကနေ ထွက်နိုင်အောင် အေးဂျင့်ပြောင်းဖို့ ဗန်ဒီဘိခ်ကို အသင်းဖော်တွေ အကြံပေးခဲ့

12:57 PM, 30 October

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်အနေနဲ့ အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ ထွက်ခွာနိုင်ရေးအတွက် အေးဂျင့်ပြောင်းသင့်တယ်လို့ အသင်းဖော်တွေက အကြံဉာဏ်ပေးခဲ့ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

အေဂျက်စ်ကနေ ပေါင် ၃၅သန်းနဲ့ ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်မှာ အရန်ခုံပဲ အထိုင်များနေခဲ့တဲ့ ဗန်ဒီဘိခ်ဟာ အသင်းပြောင်းရွှေ့လိုတဲ့အကြောင်း သူ့အေးဂျင့် ဂူဒိုအယ်ဘားစ်ကို ပြီးခဲ့တဲ့အပတ်က အသိပေးခဲ့ပါတယ်။ ဗန်ဒီဘိခ်က အယ်ဘားစ်အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရအောင် သူ့ကို ကူညီပေးနိုင်လိမ့်မယ်လို့
မျှော်လင့်နေပေမယ့် ယခုအခါ အသင်းဖော်တွေက အေးဂျင့်ပြောင်းသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

ယခုအခါ အသက် ၂၄နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ အယ်ဘားစ်နဲ့လက်တွဲဖြုတ်လိုက်ပြီးနောက် ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်၊ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်တို့ရဲ့အေးဂျင့်ဖြစ်တဲ့ အလီဒါဆမ်နဲ့ လက်တွဲလိုက်ပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက ယူနိုက်တက်ကို ရောက်လာပြီးချိန်ကတည်းက ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၄ပွဲပဲ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရထားပြီး ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖို့ ထပ်မံကြိုးစားဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ်