ရှေ့သို့
Image

လူကာကူ၊ ဝါနာတို့ အပြင် ယခု ကိုဗာဆစ်ပါ ဒဏ်ရာရသွားလို့ ထိုးနှက်ချက်ဖြစ်သွားတဲ့ ချဲလ်ဆီး

9:36 AM, 30 October

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ထပ်မ ဒဏ်ရာရသွားလို့ ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။

ယခုနှစ်ရာသီ ချဲလ်ဆီးရဲ့ ပွဲစဉ် ၁၅ပွဲမှာ ၁၂ပွဲထိ ပွဲထွက်ထားတဲ့ ကိုဗာဆစ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ယနေ့ နယူးကာဆယ်နဲ့ပွဲအပြင် ဘန်လေ၊ မယ်လ်မိုတို့နဲ့ ပွဲစဉ်တွေကိုပါ ကိုဗာဆစ်ကို လက်လွှတ်ရတော့မှာပါ။

တူချယ်က “ကျွန်တော် မတ်တီယိုကို အထူး သတိရပါတယ်။ ခုလို ဒဏ်ရာရသွားတာ ဝမ်းနည်းစရာ ဖြစ်ပေမဲ့ ကွင်းထဲက ကစားသမားတွေအတွက် ပျော်ပါတယ်။ သူ ရက်သတ္တပတ်အနည်းငယ် လွဲချော်သွားမှာပါ။ သူ့ကို ညဘက် ၃နာရီကြီး နည်းစနစ်ပိုင်း လေ့ကျင့်ခန်း၊ ခံစစ် လေ့ကျင့်ခန်း၊ တည်ကန်ဘော လေ့ကျင့်ခန်းတွေအတွက် ခေါ်နိုင်သလို ကြိုက်တဲ့အချိန် ခေါ်လိုက်တာနဲ့ ရောက်လာမှာပါ။ သူက တကယ့်ကို အသင်းနဲ့ အလုပ်လုပ်တတ်တဲ့ ကစားသမားကောင်းပါ”

“သူ ရီးရဲလ်မက်ဒရစ်မှာ ကစားတုန်းက ကျွန်တော်က သူ့ရဲ့ အမာခံပရိသတ်ပါ။ အယ်ကလက်စီကို ပွဲစဉ်ကို ကြည့်ရင်း သူ့မှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ပြောခဲ့တာ သတိရပါတယ်။ သူက လေ့ကျင့်ခန်းလုပ်ဖို့ အတက်ကြွဆုံးပါ။ သူ့ရဲ့ နည်းပြ ဖြစ်ရတာ တကယ့်ကို ပျော်ရွှင်စရာပါပဲ။ သူ့ကို ကျွန်တော်တို့ လုပ်ပေးတာက အားပေးတာ၊ သူ့ရဲ့ အလားအလာကို ယုံကြည်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

လူကာကူနဲ့ ဝါနာအကြောင်း ပြောရာမှာ တူချယ်က “ကျွန်တော်က အချိန်တွေအကြောင်း ပြောရတာ ဝါသနာ မပါပေမဲ့ တီမိုနဲ့ ရိုမီလူတို့က နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ပါနိုင်ဖို့ မှန်းထားပါတယ်။ အဲ့ဒီအချိန်ကို ကျွန်တော်တို့ မှန်းထားတာပါ”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ကိုဗာဆစ် #လူကာကူ #ဝါနာ