ရှေ့သို့
Image

ဒီဘရိုင်းမပါခဲ့တဲ့ ဂရီးလစ်ရှ် စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ Five-a-side အသင်း

2:21 PM, 29 October

မန်စီးတီးကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်က ၎င်းစိတ်ကြိုက် five-a-side အသင်းကို ရွေးချယ်ခဲ့ပြီး ကွင်းလယ်မှာ ဒီဘရိုင်းကို မရွေးချယ်ခဲ့ပါဘူး။ အင်္ဂလန်သားဟာ အက်စတွန်ဗီလာကနေ ပေါင်သန်း၁၀၀ဖြင့် ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းထံ ပြောင်းလာသူ ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဘယ်လ်ဂျီယံသား ဒီဘရိုင်းနဲ့အတူ မန်စီးတီးမှာ တွဲကစားရတာ အိပ်မက်ဖြစ်ကြောင်း အသင်းထံ ရောက်ရောက်ချင်းမှာ ဖွင့်ဟထားခဲ့ပါတယ် ဒါပေမဲ့ သူရွေးချယ်တဲ့ five-a-side အသင်းမှာတော့ ဒီဘရိုင်း မပါခဲ့ဘဲ မန်စီးတီးအသင်းဖော်တစ်ဦးကို ရွေးခဲ့ပါတယ်။

“ဂိုးသမားနေရာမှာတော့ အီဒါဆန်ပါ သူခြေထောက်နဲ့ဆိုရင် အကောင်းဆုံးဂိုးသမားပါဘဲ။ ၅ယောက်အသင်းမှာ သူ့ကို လိုပါတယ်။ ခံစစ်မှာ ဆာဂျီယို ရာမို့စ်ကို ရွေးချယ်ချင်ပါတယ်။ သူက အမြဲတမ်းလည်း ဂိုးသွင်းသူပါ။ ကွင်းလယ်မှာ ကျွန်တော်နှင့် မက်ဆီ ရှိပြီး တိုက်စစ်မှာ ဘရာဇီးရဲ့ ရော်နယ်ဒို ရှိပါမယ်” ဟု အင်္ဂလန်ကစားသမားက Boohoomanကနေ တဆင့် ဆိုသွားခဲ့ပါတယ်။

နည်းပြ ပက်ဂွါဒီယိုလာအသင်းထံ ရောက်ရောက်ခြင်းမှာဘဲ ဂရီးလစ်ရှ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်လည်း ရနေပါတယ်။ သူဟာ ပြိုင်ပွဲစုံတွင် မန်စီးတီးအတွက် ၂ဂိုးသွင်း ၃ဂိုး ဖန်တီးထားပါတယ်။

#မန်စီးတီး #ဒီဘရိုင်း #ဂွါဒီယိုလာ #ရော်နယ်ဒို #အီဒါဆန် #ဂရီးလစ်ရှ် #မက်ဆီ