ရှေ့သို့
Image

ထွက်ခွာဖို့အတည်ပြုထားပေမယ့် နောက်နှစ်ထိ ယူနိုဝုဒ်ဝါ့ဒ်

1:27 PM, 29 October

မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်အနေရဲ့ ယူနိုက်တက်ကနေ ထွက်ခွာမှုဟာ မူလအချိန်ထက် ပိုပြီးကြန့်ကြာနိုင်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ဒုဥက္ကဌကြီးဟာ ဒီနှစ်ကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်ဆိုပြီး အတည်ပြုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ESPN ကတော့ ဝုဒ်ဝါ့ဒ်အနေနဲ့ လက်ရှိယူနိုက်တက်ရဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ လာမယ့်နှစ် ဧပြီလအထိ အသင်းမှာ ဆက်ရှိနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ အနာဂတ်က မသေချာတော့တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

လက်ရှိအခြေအနေတွေကြောင့် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေတာကြောင့် ဒါတွေအားလုံးကို ထိန်းသိမ်းနိုင်ဖို့အတွက် ဝုဒ်ဝါ့ဒ်အနေနဲ့ အသင်းက ထွက်ခွာလို့ မဖြစ်သေးတာလို့ သိရပါတယ်။ အက်ဒ်ဝုဒ်ဝါ့ဒ် ယူနိုက်တက်က ထွက်ခွာခဲ့ရင်တော့ သူ့ရဲ့နေရာမှာ လက်ရှိအထွေထွေဒါရိုက်တာ ရစ်ချက်အာနိုးလ်က အစားဝင်သွားမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဝုဒ်ဝါ့ဒ်