ရှေ့သို့
Image

အကြောင်းတစ်ခုကြောင့် ဒီကလန် ရိုက်စ် ဝက်စ်ဟမ်းမှာပဲ ဆက်နေနိုင်တယ်လို့ ဝီလ်ရှိုင်းယားဆို

1:04 PM, 29 October

အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှိုင်းယားက ဒီကလန် ရိုက်စ်ဟာ အခြေအနေတစ်ခုကြောင့် ဝက်စ်ဟမ်းမှာပဲ ဆက်နေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်သားကို ဆက်ထိန်းချင်နေပေမဲ့ ယူနိုက်တက်၊ ချဲလ်ဆီး၊ မန်စီးတီးအသင်းတွေက ယခုလတွေအတွင်း ချိတ်ဆက်နေခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းမှာ ကစားခဲ့ဖူးတဲ့ ဝီလ်ရှိုင်းယားက ရိုက်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်ဆိုရင် အသင်းမှာပဲ ဆက်နေနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဝီရှိုင်းယားက “ဒီကလန်အကြောင်း ပြောမယ်ဆိုရင် သူ ကျိန်းသေပေါက် အသင်းပြောင်းပြီး ပရီးမီးယားလိဂ်ဖလား ယူချင်မှာပါ။ ဒါပေမဲ့ သူ့ငယ်ဘ၀ကလပ်နဲ့ ချန်ပီယံလိဂ် ကစားဖို့က ကျတော့ သူ့အတွက် ကြီးကျယ်တဲ့ အရာတစ်ခု ဖြစ်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #ဝက်စ်ဟမ်း #ဂျက်ဝီလ်ရှီးယား #ဒီကလန် ရိုက်စ်