ရှေ့သို့
Image

ရော်နယ် ကိုးမန်း အထုတ်ခံရတဲ့အပေါ် အင်စတာဂရန်ကနေ လှောင်ပြောင်သလို တင်လိုက်တဲ့ ပီယာနစ်

10:53 AM, 29 October

ပီယာနစ်က ရော်နယ် ကိုးမန်း ဘာစီလိုနာကနေ ထုတ်ပယ်ခံရပြီးနောက် အင်စတာဂရန်ကနေ လှောင်ပြောင်သလို တင်သွားခဲ့ပါတယ်။ ဘော့စနီးယားသားဟာ ဘက်ဆစ်တက်မှာ တောက်လျောက် ပွဲထွက်ခွင့် ရနေပေမဲ့ နည်းပြ ကိုးမန်းအပေါ် မကျေနပ်ချက်တွေ များနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ဗယ်လက်ကာနိုကို အ‌ေးကွင်းမှာ ရှုံးခဲ့ပြီး ၂နာရီအကြာမှာပဲ ဘာကာက ကိုးမန်းကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုးမန်း အထုတ်ခံရပြီးနောက် ပီယာနစ်က လူမှုကွန်ရက်ကနေ နည်းပြဟောင်း သွယ်ဝိုက်သောနည်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ပီယာနစ်က “ဒီသောက်ပေါကို ဘယ်အချိန် ထုတ်ရမယ်ဆိုတာ သိသေးတာပဲ”ဆိုပြီး အိုကေ အီမီဂျီနဲ့ တင်သွားခဲ့တာပါ။ ပီယာနစ်ဟာ ဘာစီလိုနာမှာတုန်းက သူ့ကို လုံး၀ ပွဲထွက်ခွင့်မပေးတဲ့ ကိုးမန်းအပေါ် ပေါက်ကွဲနေခဲ့တာ ဖြစ်ပါတယ်။

ဘက်ဆစ်တက်ကို ပြောင်းပြီးချိန်မှာလည်း ပီယာနစ်က ကိုးမန်းကို အင်တာဗျူးကနေတစ်ဆင့် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ ကိုးမန်းက အဆိုပါ ဝေဖန်မှုတွေကို သူ့မှာ ပီယာနစ်ထက် ပိုကောင်းတဲ့ ကစားသမားရှိတယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

#ဘာစီလိုနာ #ကိုးလ်မန်း #ဘက်ဆစ်တက် #ပီယာနစ်