ရှေ့သို့
Image

တော့တင်ဟမ်နဲ့ပွဲ မတိုင်ခင် ယူနိုက်တက်အသင်းသားတွေကို စည်းလုံးကြဖို့ မက်ဂွါရီ တိုက်တွန်း

10:11 AM, 29 October

ဟယ်ရီ မက်ဂွါရီက ယူနိုက်တက်အသင်းဟာ လီဗာပူးကို ၅ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ပြန်လည် စုစည်းမိဖို့ နည်းလမ်းရှာဖွေရမယ့်အကြောင်း ပြောလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ တနင်္ဂနွေညက ပွဲစဉ်အတွင်း ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ဝေဖန်ခံခဲ့ရသူထဲ ၁ဦးအပါအဝင် ဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ အင်္ဂါနေ့က ကာရန်တင် လေ့ကျင့်ရေးကွင်းမှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ ဘာတွေ မှားယွင်းသွားတယ်၊ ဘာတွေ ပြုပြင်နိုင်မယ်ဆိုတဲ့အပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ကွင်းလယ်လူ ပေါ့ဂ်ဘာက အထုတ်ခံရခြင်းအပေါ် အသင်းဖော်တွေကို တောင်းပန်လိုက်ပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရတဲ့အတွက် နောင်တရမိကြောင်း ဝန်ခံခဲ့ပါတယ်။

မက်ဂွါရီက “ဒီ အခြေအနေက ဆက်သွားဖို့ ခက်ခဲပေမဲ့ ကျွန်တော်တို့ ဆက်သွားရမှာပါပဲ။ ဒီအပတ်က ခက်ခဲခဲ့ပြီး အထူးသဖြင့် အဓိက ပြိုင်ဘက်ကို ရှုံးသွားတဲ့အခါ အဲ့ဒါတွေကို ဘေးဖယ်ထားလိုက်လို့ မရပါဘူး။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး ပွဲ၊ ဂိုးတွေကို ဆန်းစစ်ခဲ့ကာ ဘယ်လို တိုးတက်နိုင်လုပ်နိုင်မယ်ဆိုတဲ့အပေါ် ဆွေးနွေးခဲ့ကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ယခုတစ်ပတ်လုံး ကာရင်တန် လေ့ကျင့်ရေးကွင်းကို ဖာဂူဆန်၊ အသင်းခေါင်းဆောင်ဟောင်း ဘော်ဘီ ရော့ဘ်ဆင်တို့အပြင် ဒေးဗစ်ဂီးလ်၊ မာတင် အက်ဒ်ဝေါ့တို့လို တာဝန်ရှိသူတွေပါ ရောက်လာပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယူနိုက်တက် ကစားသမားတွေက ဆိုးလ်ရှားရဲ့ ကိုင်တွယ်ပုံတွေကို မေးခွန်းထုတ်ခဲ့ကြပေမဲ့ မက်ဂွါရီနဲ့ ရော်နယ်ဒိုတို့ကတော့ အသင်းသားတွေကို စည်းလုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဂွါရီက “စုစုစည်းစည်းနဲ့ ဆိုရင် ကျွန်တော်တို့ အတွက် အကောင်းဘက်က ရှိမယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတွေ အများကြီး ကျန်သေးပြီး ချန်ပီယံလိဂ်မှာလည်း ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ရှိနေကာ ရာသီတစ်ခုရဲ့ အစောပိုင်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆုဖလားတွေကို ရယူနိုင်တယ်ဆိုတဲ့ အသိရှိနေပါသေးတယ်”

“အခုအချိန်မှာ အဲ့ဒါက အဓိက ဖြစ်ပြီး အသင်းတစ်သင်းအနေနဲ့ လှုပ်ရှားဖို့ လိုပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်မှာ ရှိနေပြီး အားပေးဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #မက်ဂွါရီ #ပေါ့ဂ်ဘာ #ရော်နယ်ဒို #ဖာဂူဆန်