ရှေ့သို့
Image

မန်စီးတီး နဲ့ အခြားအသင်း ၂ သင်းအတွက်သာ နာပိုလီကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကူလီဘာလေ

9:28 AM, 29 October

နာပိုလီနောက်ခံလူ ကူလီဘာလေဟာ မန်စီးတီး နဲ့ အခြားအသင်း ၃ သင်းအတွက်သာ နာပိုလီကနေထွက်ခွာဖွယ် ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားရဲ့ ပြောကြားချက်ကို ဒီမက်ဂီယိုက ပြန်လည်ဝေမျှခဲ့တာဖြစ်ကာ နာပိုလီပရိသတ်တွေကို သစ္စာဖောက်မှာမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆီနီဂေါသားဟာ ဒီမက်ဂီယိုနဲ့တွေ့ချိန်မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကာ မန်စီးတီးကလည်း ချိတ်ဆက်နေပါတယ်။ “ကူလီဘာလေက ကျွန်တော့်ကို အဲ့လိုမျိုးဖြေကြားခဲ့ပါတယ်။ ငါ့ကို ဂျူဗင်တပ်စ်ဟုတ်လား။ မင်းရူးများနေတာလား။ ငါဘယ်တော့မှ နောက်ထပ် အီတလီကလပ်အသင်းတစ်သင်းမှာ ကစားမှာ မဟုတ်ပါဘူး”

“နာပိုလီကနေ ထွက်ခွာဖြစ်တယ်ဆိုရင်လုပ်စရာ ၂ ခုပဲရှိပါတယ်။ အဲ့တာက မန်စီးတီး ၊ ရီးရဲလ် ၊ ဘာစီလိုနာ အဲ့အသင်းတွေထဲက ၁ သင်းကိုပဲပြောင်းမှာပါ။ ဂျူဗင်တပ်စ်ကို ဘယ်တော့မှမသွားပါဘူး။ နာပိုလီပရိသတ်တွေကို သစ္စာမဖောက်ပါဘူး”လို့ ကူလီဘာလေက ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ ဒီရာသီပြိုင်ပွဲစုံ ၁၃ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဂျန့်ခ်အသင်းကနေ ရောက်လာပြီးနောက် နာပိုလီအတွက် ကူလီဘာလေတစ်ယောက် ၂၉၆ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ အီတလီဖလား နဲ့ အီတလီစူပါဖလားတို့ကို ရယူထားနိုင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာတော့ နာပိုလီနောက်ခံလူရဲ့ တန်ကြေးက ပေါင် ၄၃.၂ သန်းအထိ ရှိနေကာ စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။

#မန်စီးတီး #ကူလီဘာေလ #နာပိုလီ #အပြောင်းအရွှေ့