ရှေ့သို့
Image

လီဗာပူးနဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ ပေါ့ဂ်ဘာ မန်ချက်စတာဒါဘီပွဲအပါအဝင် ယူနိုက်တက်ရဲ့ အရေးပါတဲ့ ၃ပွဲကို လွဲချော်သွားမည်ဖြစ်

8:42 PM, 28 October

လီဗာပူးအသင်းကို ရှုံးနိမ့်ပြီးနောက် ယူနိုကတက်အသင်းရဲ့ အဓိကထိုးနှက်ချက် နောက်ထပ်တစ်ခုကတော့ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လာမယ့် ပွဲစဉ်၃ပွဲကို လွဲချော်သွားမှာ ဖြစ်ပြီး အဆိုပါပွဲတွေဟာလည်း ပွဲကောင်းတွေချည်း ဖြစ်နေပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲတွင် ပေါဂ်ဘာဟာ ဒုတိယပိုင်းမှာ ဝင်လာတာဖြစ်ပေမယ့် ချက်ချင်းပင် တဖက်ကစားသမား နာဘီကေတာကို လျှောထိုးဖြတ်ထုတ်မှုဖြင့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှားကို ပရိသတ်များစွာက ထုတ်ဖို့တောင်းဆိုနေကြသော်လည်း ဖာဂူဆန်အပါအဝင် ယူနိုက်တက်အသင်းတာဝန်ရှိသူများက လာမယ့် ၃ပွဲခန့်ကို စောင့်ကြည့်သွားဖွယ်ရှိပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားနောက်ဆုံးကိုင်ရဖွယ် ရှိတဲ့ ၃ပွဲမှာ ပေါ့ဂ်ဘာဟာ ပါဝင်ကစားနိုင်တော့မှာမဟုတ်ပါဘူး။

လာမယ့် ရက်သတ္တပတ်တွင် တော့တင်ဟမ်အသင်းနဲ့ ပွဲကစ၍ ပေါ့ဂ်ဘာ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ အလားတူ နောက်ထပ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ပွဲစဉ် ၊ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဝက်ဖို့ဒ်နဲ့ ကစားမယ့် ပွဲတွေကို ဆက်တိုက်လွဲသွားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲအဖြစ် အတ္တလန္တာနဲ့ကစားမယ့် ပွဲကိုတော့ ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာကို ထည့်သုံးလို့ရပါတယ် သို့သော်လည်း တနင်္ဂနွေက လီဗာပူးကို ရှုံးတဲ့ ပွဲအပြီး ဝေဖန်မှုအများအပြား ရင်ဆိုင်နေရတဲ့ နည်းပြဆိုးလ်ရှား လာမယ့်ပွဲတွေမှာ တစ်ပွဲလောက် ရလဒ်ဆိုးတာနဲ့ ရာထူးကနေ ပြုတ်နိုင်တဲ့အထိ အတိမ်းအစောင်းမခံဘဲ ဖိုင်နယ်ပွဲသဖွယ် ကိုင်တွယ်ရမယ့် အရေးကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။





#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #တော့တင်ဟမ် #ဝက်ဖို့ဒ် #ဆိုးလ်ရှား