ရှေ့သို့
Image

ရော်နယ် ကိုးမန်း ဘာစီလိုနာကနေ ထုတ်ပယ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ အန်ဆယ်လော့တီ

2:39 PM, 28 October

ကာလို အန်ဆယ်လော့တီက ဘာစီလိုနာက ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရော်နယ် ကိုးမန်းဟာ လိပ်ပြာလုံလုံနဲ့ ဆက်သွားနိုင်ပါလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီ အခြေအနေ တော်တော်ဆိုးနေပြီး လာလီဂါ၁၀ပွဲမှာ ၄ပွဲသာ နိုင်ခဲ့ကာ ယမန်နေ့ည ဗယ်လက်ကာနိုကို ရှုံးခဲ့ပြီးနောက် ရော်နယ် ကိုးမန်းတစ်ယောက် ထုတ်ပယ်ခံလိုက်ရတာပါ။

ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာတို့ ရုန်းကန်နေရပြီး ဒိုင်နမိုကိဗ်တစ်သင်းတည်းကိုသာ ကပ်ပြီးနိုင်ထားခဲ့ပါတယ်။ ဗယ်လက်ကာနိုနဲ့ပွဲအပြီး ဘာကာတို့ ကိုးမန်းကို ထုတ်ပယ်ခံပြီးနောက် နည်းပြသစ် ရှာဖွေနော ဇာဗီက နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

အိုဆာဆူနာနဲ့ သရေပွဲအပြီး ကိုးမန်းအကြောင်း မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက
“ကျွန်တော်လည်း အကြိမ်များစွာ ထုတ်ပယ်ခံရဖူးပြီး အခု ကျွန်တော် ဒီမှာ ပျော်ပျော်ရွှင်ရွှင် ရှိနေပါသေးတယ်။ ထုတ်ခံရတယ်ဆိုတာ အလုပ်လုပ်တဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီး နည်းပြတစ်ဦး ဖြစ်တာကြောင့် အစွမ်းကုန် ကြိုးစားနိုင်ပါတယ်။ အားလုံး ပေးဆပ်ခဲ့တာတွေကြောင့် ထွက်သွားချိန်မှာ လိပ်ပြာလုံလုံနဲ့ သွားနိုင်ပါတယ်။ ကိုးမန်းက အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့တယ်လို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဗယ်လက်ကာနိုကို ရှုံးခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ဇယားထိပ်က ရီးရဲလ်နဲ့ ၆မှတ်ကွာသွားခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့်ပွဲအတွက် ကိုးမန်းရဲ့ နေရာ ဘယ်သူဝင်မယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ အနေအထား ဖြစ်နေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကိုးလ်မန်း #အန်ဆယ်လော့တီ