ရှေ့သို့
Image

သူ အိပ်ငိုက်နေတုန်း ဗယ်လက်ကာနိုက ဘောလုံးလုပြီးသွင်းသွားတယ်လို့ ဘက်စ်ကွက်ဝန်ခံ

10:30 AM, 28 October

ဆာဂျီယို ဘက်စ်ကွက်ဟာ ယမန်နေ့ညက ဗယ်လက်ကာနိုနဲ့ ရှုံးပွဲအတွက် သူ့မှာသာ တာဝန်ရှိကြောင်း တာဝန်ခံမှု ပြုလုပ်သွားခဲ့ပါတယ်။ ဘာကာ အသင်းခေါင်းဆောင်က အဝေးကွင်းရှုံးပွဲအပြီး ဝေဖန်မှုတွေကို လက်သင့်ခံခဲ့ပြီး တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘက်စ်ကွက်က “ကျွန်တော် အိပ်ငိုက်သွားပါတယ်။ အဲ့ဒီမှာ ကျွန်တော့်ဆီက ဘောလုံးလုသွားပါတယ်။ သူတို့ တန်ပြန်တိုက်စစ် စတင်ပြီး အကောင်းဆုံး အဆုံးသတ်သွားပါတယ်။ အဲ့ဒါ ကျွန်တော့်အမှားပါ”လို့ ပြောခဲ့ပါတယ် ဗယ်လက်ကာနိုဟာ ယခုနှစ်ရာသီ ဖယ်ကာအိုကို ခေါ်ယူထားခဲ့ကာ ခြေစွမ်းပြနေပေမဲ့ ဘာကာကွင်းလယ်လူကတော့ ၁သင်းလုံး အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ ဗယ်လက်ကာအိုအား ချီးကျူးခဲ့ပါတယ်။

ဘက်စ်ကွက်က “ဒီနေရာက ကစားဖို့ ခက်တဲ့နေရာဖြစ်ပြီး ကျွန်တော်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အခွင့်အရေးတွေနဲ့ ပင်နယ်တီ ရခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်မှု၊ အာရုံစိုက်မှု၊ အမှားမလုပ်မှုတွေ အားလုံး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကစားပုံ ဆိုးခဲ့တာ မဟုတ်ပေမဲ့ အခြေအနေတွေက ဆိုးလာပြီး ဂိုးမသွင်းနိုင်တော့ ခက်ခဲခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယနေ့မနက်ပိုင်းက ထုတ်ခံလိုက်ရတဲ့ နည်းပြ ရော်နယ် ကိုးမန်းကိုတော့ ဘက်စ်ကွက်က လက်ညိုးထိုးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ “ကျွန်တော်တို့က တစ်လှေထဲစီးတွေ ဖြစ်ပါတယ်။ ဒါကအားလုံးရဲ့ အမှားပါ။ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာ ဖြစ်ဖြစ် ကျွန်တော်တို့က အသင်း၁သင်း ဖြစ်တာကြောင့် အဲ့ဒါကို ကွင်းထဲ ကျွန်တော်တို့ ပြသနိုင်ဖို့ လိုပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

#ကိုးလ်မန်း #ဘက်စ်ကွက် #ဗယ်လက်ကာနို