ရှေ့သို့
Image

လီဗာပူးကို ၅ဂိုးပြတ် ရှုံးသော်လည်း နည်းပြရာထူးမှာ ဆိုးလ်ရှား ဆက်ရှိနေတာ ကံအလွန်ကောင်းလွန်းပါတယ် - ပေါလ်မာဆင်

4:06 PM, 27 October

လီဗာပူးကို အိမ်ကွင်းမှာ မရူမလှ ၅ဂိုးပြတ် ရှုံးခဲ့သော်ငြား မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ဆိုးလ်ရှား ဘယ်လိုဖြစ်ပြီး ဆက်ရှိနေတာလဲ မေးခွန်းအား စကိုင်းစပေါ့တ်သုံးသပ်သူ ပေါလ်မာဆင်က သူရဲ့ အမြင်ကို ဖြေကြားခဲ့ပါတယ်။

“ဒီလို ဂိုးပြတ် ရှုံးနိမ့်တာမျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးပါဘူး ၅ဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ဘယ်ပွဲမှ မယှဉ်နိုင်ပါဘူး ကျွန်တော်ရှက်မိပါတယ် ကြည့်လို့ကောင်းတဲ့ ပွဲတောင် မဟုတ်ခဲ့ပါဘူး မန်ချက်စတာယူနိုက်တက် vs လီဗာပူးပွဲဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်သလို ယူနိုက်တက်အတွက်လည်း တစ်ရာသီလုံးမှာ အကြီးမားဆုံး ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ် ပြီးတော့ သူတို့ပြိုင်ဘက်ကို လုံးဝမယှဉ်နိုင်ဘဲ ရှုံးခဲ့တယ်။

မန်နေဂျာတွေ ထုတ်ပယ်ခံရတာကို မြင်ရတာ မကြိုက်ပါဘူး ဒါပေမဲ့ ဆိုးလ်ရှား ရာထူးမှာ ဆက်ရှိနေတာက ကံအလွန်ကောင်းလွန်းပါတယ် မန်နေဂျာတစ်ယောက်အနေနဲ့ သူတော်တော်ကံကောင်းတာပါ။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ဂရုမစိုက်ပါဘူး။ တစ်ယောက်ယောက်သာ အိမ်ကွင်းမှာ ၅ဂိုးပြတ် အဓိကပြိုင်ဘက်အသင်းကို ရှုံးလိုက်မယ်ဆိုရင် သေချာပါတယ် နည်းပြထွက်ရပါပြီ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ၅ဂိုးပြတ်နဲ့ ချဲလ်ဆီး ဒါမှမဟုတ် အာဆင်နယ်သာ ရှုံးမယ်ဆိုရင် တနင်္လာနေ့မှာ နည်းပြအနေနဲ့ ဘုရားတနေရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်က နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာ နိုင်ခဲ့ပါတယ် ဒါက လက်ခံနိုင်စရာမရှိပါဘူး မန်နေဂျာက ခုထိ အလုပ်မပြုတ်ပါဘူး ကလပ်မှာ ဘာတွေဖြစ်နေသလဲ ကျွန်တော်တကယ် မသိပါဘူး။

စိုးရိမ်စရာကောင်းတာက ၃နှစ်ကြာပြီးထိအောင် ဆိုးလ်ရှားက သူအသင်း ဘယ်မှာအကောင်းဆုံးလဲဆိုတာ သေချာမသိသေးပါဘူး။ သူတို့ဂျာဒန်ဆန်ချိုလို ကစားသမားကို ပေါင်သန်း၇၀ပေးပြီး ခေါ်တယ် သူမကစားရသေးပါဘူး အသင်းမှာ ထိန်းသိမ်းရခက်နေတဲ့ ပေါလ်ပေါ့ဂ်ဘာ လို ကစားသမားရှိတယ် သူက ပွဲကြီးမှာတောင် ပါခွင့်မရဘူး။ အရင်ကလည်း ကျွန်တော်ပြောဖူးတယ် ခုလည်း ထပ်ပြောမှာဘဲ မန်ချက်စတာယူနိုက်တက်ဆိုတာ အသင်းတစ်သင်းမဟုတ်နေဘူး သူတို့က အုပ်စုလိုက်သီးခြားစီ ဖြစ်နေတယ်။

သူတို့နောက်ဆုံး၃ပွဲမှာ ၁၁ဂိုးအထိ ခွင့်ပြုထားရတယ် လက်စတာနဲ့ပွဲမှာ ၄ဂိုး၊ အတ္တလန္တာနဲ့ပွဲမှာ ၂ဂိုး၊ လီဗာပူးနဲ့ပွဲမှာ ၅ဂိုး ပေးရတယ် မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးက ရာသီကောင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ဒီလိုဂိုးအရေအတွက်မျိုး ခွင်ပြုမပေးသင့်ပါဘူး ဒါပေမဲ့ ဒီလိုဖြစ်နေတာက သူတို့ဘယ်လိုအနေအထားမှာ ရှိနေသလဲ ပြသနေပါတယ်။

အသင်းမှာ ကစားကွက်ပုံသဏ္ဍန်တစ်ခုခု မရှိပါဘူး ယူနိုက်တက်က ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ရင်တောင် ဒါဟာ မတော်တဆပုံစံမျိုး စမ်းတဝါးဝါး လမ်းလျှောက်နေတာမျိုးပါဘဲ မန်စီးတီး၊ ချဲလ်ဆီး၊လီဗာပူးတို့ဟာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ဖွတ်ဖွတ်ညက်ညက် မွေနှောက်ဖျက်စီးနိုင်တဲ့ ပလန်တစ်ခု ရှိနေသလိုပါဘဲ  ခုအချိန်မှာ မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်ကစားရတာ သိပ်ကောင်းနေပါတယ်ဟု ပေါလ်မာဆင်က ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ပေါလ်မာဆင်