ရှေ့သို့
Image

သူ့ရဲ့ ကားဖျက်ဆီးခဲ့တဲ့ ပရိသတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ စဉ်းစားခဲ့ကြောင်း ရော်နယ်ကိုးမန်း ဖွင့်ဟ

10:16 AM, 27 October

တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးနောက် သူ့ရဲ့ကားကို ဖျက်ဆီးခဲ့တဲ့ ပရိသတ်နှင့် ရင်ဆိုင်တွေ့လိုက်မယ့် ဆုံးဖြတ်ချက်က အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကိုးမန်းက ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအတွက် အဂူရိုက ဂိုးမသွင်းမီ ရီးရဲလ်မက်ဒရစ်အတွက် အယ်လာဘာနှင့် ဗက်ကွက်ဇ်တို့က သွင်းယူခဲ့တဲ့ အတွက်ကြောင့် အန်ဆယ်လော့တီရဲ့အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ သူ့ရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ် ထက် မနိမ့်ကျကြောင်း ကိုးမန်းက ပြောဆိုခဲ့ပါတယ်။ ညနေခင်းပိုင်း နူးကမ့်ကနေ ထွက်လာအချိန်မှာ ၁ ဒါဇင်လောက်ရှိတဲ့ ပရိသတ်တွေဟာ နည်းပြရဲ့ ကားနားမှာရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးကဆိုရင် ကားရဲ့ခေါင်မိုးပေါ်အထိ တက်နေပြီဖြစ်ပါတယ်။

ပရိသတ်တွေကတော့ နယ်သာလန်နိုင်ငံသားကို အသင်းကနေထွက်ခွာစေချင်ကြောင်း အော်ဟစ်ခဲ့ကြပြီး လက်ရှိ မှာတော့ ဘာစီလိုနာအသင်းဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့ ပရိသတ်က ဘယ်သူလဲဆိုတာကို စုံစမ်းနေပြီဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင်ထွက်သွားပြီး အဲ့ဒီပရိသတ်ကို တားဆီးလိုက်ရမှာပါလို့ ကိုးမန်းက ပြောပါတယ်။

“အဲ့ဒီအချိန်မှာ အပြင်ကိုထွက်လိုက်ဖို့ တွေးမိခဲ့သော်လည်း ဒီအတိုင်းပဲနေလိုက်တာလည်း ကောင်းလိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာခဲ့တဲ့အတွက် ပရိသတ်တွေ မပျော်ရွင်ကြဘူးဆိုတာကို ကျွန်တော် နားလည်ပါတယ်။ နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာ လူမှုရေးပြဿနာတွေ၊ ပညာရေးဆိုင်ရာပြဿနာတွေ ရှိနေပါတယ်။ ကျွန်တော် တစ်ဦးတည်းတင်မဟုတ်ပါဘူး၊ အခြားကစားသမားတွေကလည်း လူမျိုးရေး ခွဲခြားခြင်းခံခဲ့ရတာဖြစ်ပြီး ပူယိုးလည်း အဲ့ဒီလိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်”လို့ ကိုးမန်းက ပြောပါတယ်။

အဆိုပါ အဖြစ်အပျက်ဖြစ်ပွားခဲ့ပြီးနောက် ဘာစီလိုနာအသင်းက “နူးကမ့်ကနေထွက်ခွာတဲ့အချိန် ကျွန်တော်တို့ အသင်းရဲ့ နည်းပြ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းက ရှုတ်ချပါတယ်။ ဒီလိုကိစ္စတွေ နောက် ထပ်မဖြစ်ပွားရအောင် အသင်းဘက်က လုံခြုံရေးအပိုင်းရော စည်းကမ်းပိုင်းမှာပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာထားပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ကိုးလ်မန်း