ရှေ့သို့
Image

နယူးကာဆယ် အပါအဝင် ပရီးမီးယားလိဂ် ၁၂ သင်းလောက် လင်ဂတ်ကို စိတ်ဝင်စားနေ

4:19 PM, 26 October

ပရီးမီးယားလိဂ်ကလပ်အသင်း ၁၂ သင်းလောက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ Sky Sports သတင်းက ဖော်ပြသွားခဲ့ပါတယ်။

၂၈ နှစ်အရွယ် ကစားသမားဟာ တစ်ချိန်က ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့ လက်အောက်မှာတော့ အရန်ခုံမှာသာ ထိုင်နေရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ အငှားကစားရင်း ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို ပြန်လာချိန်မှာတော့ လန်ဒန်က ခြေစွမ်းတွေကို ပြသခွင့်မရခဲ့ပါဘူး။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစားခွင့်ရရှိခဲ့ပြီး ၄ ပွဲလုံးပေါင်းမှ စုစုပေါင်း ပွဲချိန်က ၅၅ မိနစ်သာ ကစားခွင့်ရရှိထားပါတယ်။ ဒီရာသီပြိုင်ပွဲစုံ ၇ ပွဲနဲ့ဆိုရင်တော့ စုစုပေါင်း ၁၄၆ မိနစ်သာ ကစားခွင့်ရထားပါတယ်။ အဲ့ဒါကြောင့် လင်ဂတ်အနေနဲ့ ယူနိုက်တက်ကနေ နောက်တစ်ကြိမ် ထွက်ခွာဖွယ်ရှိနေပြီး ဒီတစ်ကြိမ်ကတော့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်လို့ အပြီးပြောင်းရွှေ့ဖို့ ပိုပြီးဖြစ်နိုင်ပါတယ်။

Sky Sports သတင်းထောက် မိုက်ကယ်ဘရစ်ဂျ်က ပိုင်ရှင်သစ်တွေကြောင့် ကမ္ဘာ့အချမ်းသာဆုံးအသင်း ဖြစ်လာတဲ့ နယူးကာဆယ်အပါအဝင် လာမယ့်လမှာ လင်ဂတ်ကိုခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ်အသင်းတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။ ဘရစ်ချ်က “လင်ဂတ်က ဇန်နဝါရီမှာ ပြောစရာတစ်ခုဖြစ်လာနိုင်ပါတယ်။ နယူးကာဆယ်ကလည်း သူ့ကိုခေါ်ချင်နေပြီး တခြားပရီးမီးယားလိဂ် ၁၂ သင်းလောက်ကလည်း သူ့ကိုစိတ်ဝင်စားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သတင်းတွေမှာတော့ အဲဗာတန်ဟာ လင်ဂတ်ရဲ့အသင်းဟောင်း ဝက်စ်ဟမ်းထက် ပိုအခြေအနေကောင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတာ လင်ဂတ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လင်ဂတ်လိုပဲ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းမှာ ရွေးချယ်ခံရဖို့အတွက် မဖြစ်မနေ ပွဲထွက်ခွင့်လိုအပ်နေတဲ့ နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒွန်နီဗန်ဒီဘိခ်ကလည်း ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့လိုနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #လင်ဂတ်