ရှေ့သို့
Image

ဘာစီလိုနာ နည်းပြအလုပ်က ခက်ခဲပြီး ဆက်ကြိုးစားဖို့ ကိုးမန်းကို ပြောခဲ့တဲ့ အန်ဆယ်လော့တီ

10:43 AM, 26 October

ကာလို အန်ဆယ်လော့တီနဲ့ ရော်နယ် ကိုးမန်းတို့ဟာ တနင်္ဂနွေညက အယ်ကလက်စီကို ပွဲစဉ်အပြီး ဖော်ရွေပျူငှာစွာ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နည်းပြ၂ဦးဟာ ပွဲအပြီး စကားအပြန်အလှန် ပြောခဲ့ပြီး အီတလီသားက ရလဒ်တွေဆိုးနေတဲ့ နယ်သာလန်သားကို အားပေးစကားဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ အယ်ကလက်စီကိုပွဲမှာ နိုင်ပွဲရအပြီး အောင်ပွဲခံခဲ့ကာ ကိုးမန်းကို ချက်ချင်း အားပေးစကားတွေ ဆိုခဲ့တာပါ။

အန်ဆယ်လော့တီက “ဘာစီလိုနာ နည်းပြဆိုတာ ခက်ခဲတဲ့ အလုပ်ဖြစ်ပြီး ဆက်ကြိုးစားပါ”လို့ ပြောခဲ့ကာ ကိုးမန်းကတော့ အပြုံးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အန်ဆယ်လော့တီက ပြိုင်ဘက်အသင်းအပေါ် လေးစားမှုရှိတဲ့ စကားတွေကိုသာ ပြောခဲ့ပါတယ်။

“ဒီပွဲက အရေးပါဆုံးပွဲမို့လို့ အယ်ကလက်စီကိုပွဲကို နိုင်ခဲ့တဲ့အတွက် ပျော်နေပါတယ်။ ဘာစီလိုနာကလည်း အကောင်းဆုံး ကစားခဲ့ပါတယ်။ ဒီပွဲက လွယ်ကူခဲ့ခြင်း မရှိတာကြောင့် နိုင်ပွဲရခဲ့လို့ အရမ်းပျော်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကိုးလ်မန်း #အန်ဆယ်လော့တီ