ရှေ့သို့
Image

အသင်းအောင်မြင်မှုတွင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူမို့မန်စီးတီးကနေ မထွက်ခွာသင့်ကြောင်း စတာလင်ကို တိုက်တွန်းလိုက်တဲ့ ရိုက်ဖီးလစ်

9:13 AM, 26 October

နည်းပြ ပက်ဂွါဒီယိုလာ ဦးဆောင်တဲ့ မန်စီးတီးအသင်းတွင် အင်္ဂလန်သားဟာ အဓိကနေရာကနေ ပါဝင်ကစားခဲ့သူဖြစ်တာမို့စာချုပ်သစ် ချုပ်ဆိုသင့်တယ်လို့စတာလင်အား ကစားသမားဟောင်း ရိုက်ဖီးလစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် စတာလင်ဟာ စီးတီးအသင်းမှာတော့ ယခုနှစ်အတွင်း ၃ပွဲသာ ပွဲထွက်ထားရပါသေးတယ်။ အသက်၂၆နှစ်သားဟာ သူရဲ့ ပွဲထွက်ခွင့် တိုးတက်မလာတာကြောင့် အီတီဟက်ဒ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ထားတယ်လို့ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောကြားထားပါတယ်။ မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်း ရိုက်ဖီးလစ်ကတော့ စတာလင်ဟာ အသင်းမှာဘဲ ဆက်နေသင့်တယ်လို့ဆိုပါတယ်။

“သူအနေနဲ့ဂိုးသွင်းဖို့သာ လိုအပ်တာပါ ဘယ်လိုဘဲ ဖြစ်လာပါစေ သူကတော့ ခြေစွမ်းပြအုံးမှာပါဘဲ လွန်ခဲ့တဲ့ ၆နှစ်အတွင်း သူစွမ်းဆောင်ခဲ့တာတွေကို သင်ပြန်ကြည့်ဖို့လိုအပ်ပါတယ် ကလပ်အတွက်လည်း သူက အသင့်လျော်ဆုံးသူ ဖြစ်ခဲ့ပါတယ်။ အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှု လုပ်ပေးခဲ့ပြီး စီးတီးရဲ့ အနာဂတ်မှာ အဓိကနေရာကနေ ပါဝင်ပတ်သက်မယ့် သူဟု ကျွန်တော်ခံစားနေရတုန်းပါဘဲ”ဟု ဆိုသည်။

ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးခါနီးချိန်မှစ၍ စတာလင်ဟာ အသင်းမှာ ပုံမှန်နေရာမရတော့ဘဲ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်တို့တွင် မကစားခဲ့ရသလို ဖိုင်နယ်ပွဲတွင်လည်း ခြေစွမ်းပြသနိုင်ခြင်းမရှိလို့စီးတီးပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိရာသီတွင် ၉ပွဲ ကစားပြီးချိန်မှာ စတာလင်ရဲ့ ပွဲထွက်အများဆုံးက အရန်ခုံကနေဖြစ်ပြီး နောဝစ်ချ်နဲ့ပွဲမှာသာ တစ်လုံးတည်းသောဂိုးကို ရယူထားနိုင်ပါတယ်။

ဘရာဇီးတိုက်စစ်မှူး ဂျေးဆူက ပက်ဂွါဒီယိုလာရဲ့ ညာတောင်ပံနေရာမှာ အဓိက ခြေစွမ်းပြနေပြီး ပေါင်သန်း ၁၀၀ တန် ဂရီးလစ်ရှ်က ဘယ်ခြမ်းမှာ ပုံမှန်ပွဲထွက်ကစားနေပါတယ်။ အလားတူ စတာလင်ထက် ယခုနှစ်မှာ မာရက်ဇ်၊ ဒီဘရိုင်း၊ ဖိုဒမ်တို့က ဂွါဒီယိုလာလက်အောက် ပိုပြီး ဦးစားပေး ပွဲထွက်ခွင့်ရလျက် ရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #စတာလင် #ရိုက်ဖီးလစ်