ရှေ့သို့
Image

ဆန့်ကျင်ဘက် ခံစားချက်တွေနဲ့ ယူနိုက်တက်နဲ့ လီဗာပူး ဂန္တဝင်နည်းပြကြီးနှစ်ဦး

4:02 PM, 25 October

လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲကြည့်စင်ပေးမှာတော့ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ခေါင်းတစ်သွင်သွင်ခါပြီး စိတ်ပျက်လက်ပျက် ပုံစံနဲ့ရှိနေခဲ့ပေမယ့် တစ်ဖက်က လီဗာပူးဂန္တဝင်နည်းပြကြီး ဆာကင်နီဒဲလ်ကလစ်ရှ်ကတော့ တစ်ချိန်လုံး ပြုံးပျော်ရယ်မောနေတာကို မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့ ပွဲစဉ်မှာတော့ အမှားအယွင်းများစွာနဲ့ ခြေစွမ်းဆိုးရွားခဲ့တဲ့ ယူနိုက်တက်ကို ဆာလက်ရဲ့ ဟတ်ထရစ်၊ နာဘီကီတာ၊ ဂျိုတာတို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကလည်း ကီတာကို ခြေစုံပစ်ဝင်ခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရသလို ကီတာလည်း ဒဏ်ရာကြောင့် လူစားလဲခံလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့အသင်းအတွက်တော့ တကယ့်ကို အရှက်တကွဲ ရှုံးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လည်း ပွဲကြည့်စင်ပေါ်မှာ ရှိနေခဲ့ပေမယ့် သူ့ရဲ့အသင်းဟောင်းကို ကြည့်ပြီး တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေပုံကို ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ ဗီဒီယိုထဲမှာဆိုရင်လည်း နှုတ်ခမ်းကိုက်ပြီး ဒေါသထွက်နေပုံကို မြင်တွေ့ခဲ့ရပြီးနောက် ဘေးမှာထိုင်နေတဲ့ မိတ်ဆွေနဲ့ ပွဲအကြောင်း ပြောခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက် ဗီဒီယိုက ဒဲလ်ဂလစ်ရှ်ဘက်ကို ရောက်သွားပြီး လီဗာပူးဂန္တဝင်ကြီးကတော့ မပြုံးပဲမနေနိုင်အောင် ဖြစ်ပြီး ဗီဒီယိုဆုံးခါနီးလေးမှာ “သောက်ကျိုးနည်းကောင်းတာပဲ”ဆိုပြီး ပြောလိုက်ပါသေးတယ်။ ဒီပွဲရဲ့ ဟီးရိုးဖြစ်ခဲ့တဲ့ ဆာလက်ကတော့ အသင်းအတွက် ၁၀ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လီဗာပူး #ဖာဂူဆန်