ခြေစွမ်းမကောင်းဘူးလို့စွပ်စွဲချက်တွေကို ဝက်စ်ဟမ်းကို ရှုံးနိမ့်မှုအပြီးမှာ နူနိုဆန်းတို့စ် ငြင်းဆန်
1:22 PM, 25 October
လန်ဒန်ဒါဘီမှာ ၄ပွဲဆက် ရှုံးပွဲကြုံခဲ့သလို ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ခြေစွမ်းညံ့ဖျင်းမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အား တော့တင်ဟမ်နည်းပြ နူနိုဆန်းတို့စ်က ငြင်းဆန်ပြောကြားလိုက်သည်။စပါးအသင်းဟာ ဟမ်းမားတွေကို တိုက်စစ်မှူး အန်တိုနီယိုရဲ့ တစ်လုံးတည်းသောဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အခွင့်အရေးဖန်တီးမှုပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် နူနိုက မိမိတို့အသင်းက ပိုကောင်းခဲ့တယ်လို့ထူးဆန်းဖွယ် မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟို ထွက်ခွာသွားအပြီးမှာ စပါးဥက္ကဌ လီဗိုင်းက နည်းပြသစ်နဲ့ အတူ ဒီထက်ပိုကောင်းတဲ့ တိုက်စစ်စုဖွဲ့မှုနှင့် ကစားမည်ဟု ပရိသတ်တွေကို အာမခံထားခဲ့သော်လည်း ဝက်စ်ဟမ်းနဲ့ ပွဲတွင် ဆွန်ဟောင်မင်နှင့် ကိန်းတို့အပိုင်အခွင့်အရေး ၂ကြိမ်လောက်ကို ဖြုန်းတီးခဲ့ပါတယ်။
သူ့ရဲ့အသင်းဟာ ဂိုးဖန်တီးမှုပိုင်းမှာ ရုန်းကန်ခဲ့ရသလားဆိုတဲ့ မေးခွန်းကို နူနိုက တုံ့ပြန်ရာမှာ “နိုး ကျွန်တော့်အသင်းက ဟန်ချက်ညီဖို့ဘဲ လိုတယ်လို့ထင်တယ်။ လက်ရှိ ကစားသမားတွေနဲ့ ဟန်ချက်ညီဖို့လိုအပ်ပါတယ်။ ကစားသမားကောင်းတွေ ရှိနေတယ်ဆိုရင် သူတို့က အသင်းလိုအပ်တဲ့ ဟန်ချက်ညီမှုကို ပေးစွမ်းမှာပါ ကျွန်တော်တို့fullback တွေ တိုက်စစ်သမားတွေက လုံလောက်တဲ့ ဖန်တီးပေးနိုင်စွမ်း ရှိပါတယ် သင်ပြောတဲ့စကားကိုတော့ သဘောမတူပါဘူး” ဟု ဆိုသည်။
သူရဲ့ အသင်းအခွင့်အရေး ဖန်တီးနိုင်စွမ်းတွေ ရုန်းကန်နေရသလားဆိုတဲ့ မေးခွန်းကို နူနိုက ဖြေရာမှာ “အကြောင်းရင်းက ဝက်စ်ဟမ်းက ကစားသမားအများအပြားနဲ့ဧရိယာအတွင်းမှာ ခံစစ်ကာသွားတယ်။ နေရာလွတ် အများကြီးမရှိဘူး ဘောလုံးကို လျင်မြန်စွာနဲ့ ရွေ့လျားကစားခဲ့သင့်ပြီး တောင်ပံတွေဖြန့်နိုင်ခဲ့ရမှာပါ ဒါပေမဲ့ နောက်မှာ အားလုံးက စုပြုံနေကြတဲ့အချိန်မှာ ဂိုးရဖို့ခက်ပါတယ် နေရာလွတ်တွေရော အားနည်းချက်တွေရော ရှာဖွေဖို့က ခက်ခဲသွားတာပါ”ဟု ပြောကြားခဲ့ပါတယ်။ နူနိုဟာ ဗီတက်စီကို ကြာသပတေးနေ့က ရှုံးခဲ့တဲ့ပွဲက ကစားသမား၁၁ယောက်စလုံးကို အပြောင်းအလဲလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပပွဲမှာ ဝင်ကစားခဲ့တဲ့ ဟယ်ရီဝင့်ခ်ဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အရန်ခုံတွင်တောင် မပါခဲ့ပါဘူး ။ နူနိုက ဆက်ပြောရာမှာ “ဘယ်နေရာတွေမှာ မှားယွင်းသွားသလဲ?? ကျွန်တော်တို့ဂိုးပေးလိုက်ရတဲ့ အနေအထားကြောင့်ပါ ဒါပေမဲ့ ကျန်တာတွေက ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်လို့ထင်တယ်။ ပွဲကို ထိန်းချူပ်နိုင်တဲ့ ဘောလုံးပိုင်ဆိုင်မှုရခဲ့တယ် အခွင့်အရေးလည်း ဖန်တီးနိုင်ခဲ့တယ် ဝက်စ်ဟမ်းရသွားတဲ့ တန်ပြန်တိုက်စစ်ကလွဲရင် ကျန်တာတွေကို ကျွန်တော်တို့ခွင့်မပြုခဲ့ပါဘူး”
“တိုက်စစ်မှာ ပင်နယ်တီဧရိယာအတွင်း ဒီထက်ပိုကောင်းအောင်ကစားနိုင်ခဲ့သင့်သလို ဒီလိုပွဲမျိုးမှာ မာမာထန်ထန်ကစားပြီး အခွင့်အရေးရအောင် ယူခဲ့သင့်ပါတယ် ဒါက ကျွန်တော့်အတွေးပါ။ ရှုံးပွဲတစ်ပွဲ ကြုံရတဲ့အခါ အကောင်းမြင်မှုတွေက အများကြီး မရှိနေပါဘူး။ဒါပေမဲ့ ကျွန်တော်တို့အသင်း ပိုကောင်းခဲ့တယ်လို့ထင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။ တဖက်မှာ အနိုင်ရလဒ်ကြောင့် အဆင့်၄နေရာ ခုန်တက်သွားတဲ့ ဝက်စ်ဟမ်း အသင်းနည်းပြ မိုယက်စ်က အသင်းရဲ့ ရလဒ်ပိုင်းနဲ့ပက်သက်ပြီး ကျေနပ်မိသလို ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်လည်း ချီးကျူးသွားခဲ့ပါတယ်။