ရှေ့သို့
Image

ရှုံးနိမ့်ခဲ့ပေမဲ့ ဘာစီလိုနာက ရီးရဲလ်ထက် မညံ့ဘူးဆိုတာ ပြသနိုင်ခဲ့တယ်လို့ ကိုးမန်းဆို

1:12 PM, 25 October

ရော်နယ် ကိုးမန်းက ဘာစီလိုနာအသင်းဟာ အယ်ကလက်စီကိုပွဲစဉ်မှာ ၂-၁ဂိုးနဲ့ ရှုံးခဲ့ပေမဲ့ ရီးရဲလ်ထက် မညံ့ဘူးဆိုတာ ပြသနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ပထမပိုင်းအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အဲ့ဒီအချိန်အတွင်း ဂိုးသာသွင်းနိုင်ရင် ရလဒ်ပြောင်းသွားနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ကိုးမန်းက “လူတွေ စိတ်ပျက်တာကို ကျွန်တော် နားလည်ပေမဲ့ ဒီနေ့တော့ ကျွန်တော်တို့ ရီးရဲလ်ထက် မညံ့ဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးပေးရမယ့်အစား ဦးဆောင်နိုင်ခဲ့ရင် အရာရာပြောင်းသားနိုင်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းအတွင်း အရမ်းကောင်းခဲ့တာ အမှန်ပဲ ဖြစ်ပြီး ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဦးဆောင်နိုင်ဖို့ အခွင့်အရေးကောင်းကောင်း ရခဲ့ပါတယ်”

“ဒါပေမဲ့ ဒုတိယပိုင်းမှာ သူတို့အလုပ် သူတိုလုပ်ပြီး ခံစစ်ကစားခဲ့တာကြောင့် ကျွန်တော်တို့ အန္တရာယ် မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့ပါဘူး။ အသင်းက သရေရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တောတို့ ရလဒ်ကြောင့် စိတ်ပျက်ရပေမဲ့ လုပ်ပြခဲ့တာတွေအတွက် ကျေနပ်ပါတယ်။ သူတို့လည်း အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဒီလိုပွဲမျိုးမှာ ဂိုးအရင်သွင်းနိုင်ဖို့က အရေးကြီးပါတယ်။ တန်ပြန်တိုက်စစ်မှာ သူတို့က အန္တရာယ်များပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကိုးမန်းက တောင်ပံကစားသမားလေး ဖာတီရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

“သူ အသင်းကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ သူ ပထမပိုင်းမှာ အခွင့်အရေး ရခဲ့ပေမဲ့ ပြိုင်ဘက်က ကောင်းကောင်း တားဆီးသွားပါတယ်။ သူ နည်းနည်းနာကျင်နေတာက ဒူးဒဏ်ရာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အဲ့ဒါက ပြင်းထန်ခြင်း မရှိပါဘူး။ သူမိနစ်၇၀ ကစားခဲ့ပြီး အဆင်ပြေခဲ့ကာ ဗယ်လက်ကာနိုနဲ့ပွဲအတွက် အနားပေးဖို့ လိုပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ကိုးလ်မန်း