ရှေ့သို့
Image

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ နူနိုဆန်းတို့စ်

11:16 AM, 25 October

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းကို ဂိုးကွာခြားချက်ကျဉ်းမြောင်းစွာဖြင့် ရှံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်နည်းပြ နူနိုဆန်းတို့စ်ဟာ ကစားသမားတွေဘက်ကနေ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ အန်တိုနီယိုရဲ့ ဂိုးဖြင့် မြို့ခံပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေး ဇယားမှာလည်း အဆင့် ၆ အထိ ကျသွားဆင်စေခဲ့ပါတယ်။

ပွဲအစကတည်းက တော့တင်ဟမ်ဟာ အကောင်းဆုံးပုံစံမရရှိခဲ့ဘဲ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာဘက်မှာလည်း ဂိုး ဖန်တီးမှုတွေ မရှိနေခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ဘောလုံးပိုင်မှု များစွာရရှိခဲ့သော်လည်း အခွင့်အရေးဖန်တီးကာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ ပါဘူး။ ဒုတိယပိုင်းမှာလည်း နူနိုဆန်တိုရဲ့အသင်းဟာ ဂိုးပေါက်သို့ ကန်သွင်းနိုင်ခြင်းမရှိခဲ့ဘဲ ပွဲပြီးခါနီး ၁၈ မိနစ်အလိုမှာ သွင်းယူရဲ့ အန်တိုနီယိုရဲ့ သွင်းဂိုးကို ချေပနိုင်ခြင်းမရှိခဲ့တာပါ။ ကြာသပတေးနေ့က ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်အဖြစ် ဗစ်တာဆီးကို ရှုံးနိမ့်ခဲ့ပြီး ယခုပွဲစဉ်ကိုပါ ရှုံးနိမ့်ခဲ့တဲ့အတွက် တော့တင်တမ်အသင်းဖို့ ရက်သတ္တပတ် ၁ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကပွဲမှာ အသင်းက အကောင်းဆုံးပုံစံမရရှိခဲ့သော်လည်း ပွဲအပြီးမှာ နည်းက ကစားသမားတွေကို ပြစ် တင်ပြောဆိုသွားခြင်းမရှိဘဲ ပြိုင်ဘက်အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်လို့သာ ပြောခဲ့ပါတယ်။ “ ကစားသမားတွေက ကြိုးစားပြီးကစားခဲ့တဲ့တာဖြစ်တဲ့အတွက် ကျွန်တော် အပြစ်မပြောလိုပါဘူး။ လိုအပ်တဲ့ ပြောင်းလဲမှုတွေကိုလည်း ကျွန်တော်တို့က လုပ်ဆောင်ခဲ့ပါတယ် ” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြက ပြောပါတယ်။

အဝေးကွင်းပွဲစဉ်က အမှတ်မရရှိဘဲ ပြန်ခဲ့ရသော်လည်း ပွဲကစားချိန် မိနစ် ၉၀ စလုံးမှာ သူ့ရဲ့အသင်းက အကောင်း ဆုံးဖြစ်ခဲ့ပါတယ်လို့ နူနိုဆန်းတို့စ်က ပြောထားပါတယ်။ “ ဒီနေ့လို့ပွဲမျိုးကို ရှုံးနိမ့်တဲ့အခါမှာ ကျွန်တော်တို့အသင်းက ပိုကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်” လို့ နည်းပြက ပြောပါတယ်။

သူ့ရဲ့အသင်းကို အနိုင်ရရှိခဲ့တဲ့ ဝက်စ်ဟမ်ကိုလည်း နူနိုဆန်းတို့စ်က ချီးကျူးပြောဆိုထားပါသေးတယ်။ “ ဂိုးဧရိယာထဲမှာ ဝက်စ်ဟမ်းအသင်းက နေရာမလွတ်ကျန်အောင် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ် ”  “ ကျွန်တော်တို့ ဘောလုံးကို မြန်မြန်ပေးပြီး နေရာကျယ်သွားအောင် လုပ်သင့်ခဲ့ပါတယ်။ ကစားသမားတွေက ဘောလုံးရဲ့နောက်မှာရှိနေတဲ့အချိန်မှာဆိုရင် နေရာလွတ်ရှာဖွေဖို့နဲ့ ကစားဖို့ဆိုတာက ခက်ခဲပါတယ် ” လို့ နူနို ဆန်တို့က ပြောပါတယ်။

လာမယ့် ၆ ရက်မှာ ကစားမယ့် ယူနိုက်တက်နှင့်ပွဲမှာ အနိုင်ရရှိခဲ့ပါက တော့တင်ဟမ်အသင်းဟာ အမှတ်ပေးဇယား ရဲ့ ထိပ်ပိုင်းသို့ ပြန်လည် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နူနိုဆန်တိုရဲ့အသင်းဟာ လက်ရှိရာသီမှာ ၄ပွဲ ရှုံးနိမ့်ထားတာဖြစ်ပြီး အဆိုပါရလဒ်တွေကြောင့် အသက် ၄၇ နှစ် အရွယ်နည်းပြမှာလည်း ဖိအားတွေရှိနေတာ ဖြစ်ပါတယ်။ ဝုဗ်ကနေထွက်ခွာကာ မော်ရင်ဟိုရဲ့ နေရာကို အစားဝင်ရောက်တဲ့ ဇွန်လကတည်းက နူနိုဆန်းတို့စ်ဟာ အခက်အခဲ တွေနဲ့ စတင်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဝက်စ်ဟမ်း #မော်ရင်ဟို #နူနိုဆန်းတို့