ရှေ့သို့
Image

အောက်အသင်းလို ဖြစ်နေပေမဲ့ ယူနိုက်တက်အတွက် မှန်ကန်တဲ့နည်းပြဖြစ်နေဆဲလို့ ဆိုးလ်ရှား ယုံကြည်နေ

9:22 AM, 25 October

ဆိုးလ်ရှားက ယူနိုက်တက်ဟာ လီဗာပူးကို ရှုံးခဲ့ပြီးနောက် အောက်အသင်းလို ဖြစ်နေတာသိပေမဲ့ သူနဲ့ အသင်းဟာ ခုလို စုဖွဲ့မှုမျိုး ရဖို့ အချိန်အကြာကြီး တည်ဆောက်လာရတာလို့ ဆိုခဲ့ပါတယ်။

ဆာလက်ဟာ ဟက်ထရစ်သွင်းပြီး သမိုင်းတစ်ခု တည်ဆောက်နိုင်ခဲ့သလို ကီတာ၊ ဂျိုတာတို့ရဲ့ ဂိုးတွနဲ့အတူ လီဗာပူးတို့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်တို့ အကြီးအကျယ် ဒုက္ခရောက်နေချိန်မှာ ဆိုးလ်ရှားကတော့ သူဟာ နည်းပြရာထူးအတွက် မှန်ကန်တဲ့သူ ဖြစ်နေတယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော် ဒီအသင်းကို ကိုင်တွယ်ရာမှာ အမှောင်ဆုံးနေ့ရက်ဖြစ်တယ်လို့ ပြောိုင်ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်း အခြေအနေတွေမှာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပဲ အသင်း၁သင်း အနေနဲ့ လီဗာပူးလို အသင်းကို အခွင့်အရေးတွေ မပေးသင့်ပေမဲ့ ကံမကောင်းစွာပဲ ပေးခဲ့ပါတယ်။ တာဝန်ရှိသူက ကျွန်တော်ပါပဲ။ နည်းပြအဖွဲ့တွေက အရမ်းတော်ပြီး ကျွန်တော်က ပွဲချဉ်းကပ်ပုံကို ရွေးချယ်တာပါ။ ကျွန်တော်တို့က အဆုံးသတ်ပိုင်း လုံလောက်တဲ့ ကောင်းမွန်မှု မရှိပဲ နေရာလွတ်တွေ အများကြီးပေးခဲ့ပါတယ်”

“ကစားသမားတွေက လုပ်နိုင်တယ်ဆိုတာ သိပြီး မနှစ်ကလည်း ကျွန်တော်တို့ တော့တင်ဟမ်ကို ၆-၁ဂိုးနဲ့ ရှုံးခဲ့တာ မြင်နိုင်ပါတယ်။ ဒါကအဲ့ဒီကထက် အများကြီး ဆိုးပါတယ်။ ဒီလို ဆိုးရွားတဲ့ အခြေအနေကနေ ကျွန်တော် အမြန်ဆုံး ရုန်းထွက်နိုင်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

အသင်း ရှေ့ရောက်စေဖို့ သူက မှန်ကန်တဲ့သူလားလို့ မေးတဲ့အခါ ဆိုးလ်ရှားက “ကျွန်တော် ဒီအထိ ရောက်အောင် အသင်းကို စုစည်းလာခဲ့ပြီး အခု အရှုံးပေးလိုက်မယ်ဆိုရင် ဘာမှအဖက်မတင်ပဲ ဖြစ်သွားပါမယ်။ ဒါကခက်ခဲတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကစားသမားတွေ စိတ်ဓာတ်ကျနိုင်ပေမဲ့ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အောက်အသင်းလို ဖြစ်နေပြီး ဒီလိုမျိုးခံစားချက်ထက် ဆိုးတာ မရှိတော့ပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ကြည့်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဂွါရီကလည်း ယူနိုက်တက် ပရိသတ်တွေကို တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လီဗာပူး #ဆိုးလ်ရှား