ရှေ့သို့
Image

အယ်ကလက်စီကို ရှုံးပွဲကြောင့် အိမ်အပြန်မှာ ကားကို အဝိုင်းခံခဲ့ရတဲ့ ဘာကာနည်းပြ ကိုးမန်း

8:29 AM, 25 October

ဒေးဗစ်အလာဘာ၊ လုကပ်စ်ဗက်ဇ်ကွက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ်က ၂-၁ နဲ့ ဘာစီလိုနာကို အနိုင် ရရှိခဲ့တာကြောင့် ဘာကာနည်းပြ ရော်နယ်ကိုးမန်းအတွက်တော့ ဖိအားတွေ ပိုများလာခဲ့ပါတယ်။ အလာဘာအတွက်တော့ နွေရာသီမှာ ဘိုင်ယန်ကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးဂိုးကို ပွဲချိန် မိနစ် ၃၀ ကျော်မှာ ဘာကာဂိုးသမား မာ့ခ်တာစတီဂန်ကို ကျော်ဖြတ်ပြီး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗက်ဇ်ကွက်ဇ်က ဒုတိယမြောက်ဂိုးကိုတော့ ထပ်ဆောင်းအချိန်ပို ၃ မိနစ်မှာ အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာကာအတွက် သိက္ခာဆယ် ချေပဂိုးတစ်ဂိုးကိုတော့ ဝါရင့်တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက သွင်းယူပေးခဲ့ပါတယ်။ ဘာကာဟာ နည်းပြကိုးမန်းလက် ကလက်စီကို ၃ ပွဲကစားခဲ့ရာမှာ ၃ ပွဲစလုံးကို ရှုံးနိမ့်ထားပြီး ဒီရာသီ ၈ ပွဲကစားပြီးချိန်မှာ ၁၅ မှတ်သာ ရရှိခဲ့ပြီး စံချိန်တင်အနည်းဆုံး ရမှတ်ကိုသာ ရရှိထားပါတယ်။

ရီးရဲလ်နဲ့ အယ်ကလက်စီကိုပြီးဆုံးချိန်မှာတော့ ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခု ပျံ့နှံ့လာခဲ့ပြီး အဆိုပါဗီဒီယိုထဲမှာ နည်းပြကိုးမန်းရဲ့ကားကို ပရိသတ်တွေက ဝိုင်းအုံလာတာကြောင့် နူးကမ့်ကွင်းကြီးထဲက ကားကိုအလျင်အမြန် မောင်းထွက်သွားခဲ့ရပါတယ်။

ဘာစီလိုနာကတော့ သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ “ဘာစီလိုနာအနေနဲ့ မနေ့ညက နည်းပြရော်နယ်ကိုးမန်း နူးကမ့်ကအထွက်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ လုံးဝရှုံ့ချကြောင်း အသိပေးချင်ပါတယ်။ အသင်းအနေနဲ့ လုံခြုံရေးကို မြှင့်တင်သွားမှာဖြစ်ပြီး စည်းကမ်းတင်းကျပ်မှုတွေကိုလည်း ပြုလုပ်သွားမှာပါ။ အဲ့ဒါမှ ခုလိုမဖြစ်သင့်တဲ့ အခြေအနေတွေ ထပ်မဖြစ်နိုင်မှာပါ”ဆိုပြီး ရေးသားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ကိုးလ်မန်း #ဗက်ဇ်ကွက်ဇ်