ရှေ့သို့
Image

ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့ အစီအစဉ်မရှိဘူးလို့ ယူနိုက်တက်အသင်း အခိုင်အမာဆို

3:46 PM, 24 October

သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဖိအားဒဏ်ခံနေရတဲ့ နည်းပြဆိုးလ်ရှားဘက်ကနေ အပြည့်အဝ ထောက်ခံသွားပြီး ဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ နော်ဝေနိုင်ငံသား ဆိုးလ်ရှားဟာ အခုနောက်ပိုင်း ပြင်းထန်တဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး အသင်းက လိဂ်နောက်ဆုံး ၃ပွဲကနေ ၁ မှတ်ပဲ ရယူနိုင်ခဲ့သလို ဒီညမှာလည်း ပွဲကျပ်အဖြစ် လီဗာပူးကို ဧည့်ခံကစားရမှာပါ။

အတ္တလန္တာကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဆိုးရွားလွန်းတဲ့ ပထမပိုင်းခြေစွမ်းကြောင့် ဆိုးလ်ရှား ဝေဖန်ခံနေရပေမယ့် The Sun သတင်းစာရဲ့ဖော်ပြချက်အရ အသင်းဘက်က အသက် ၄၈ နှစ်အရွယ်ရှိ ဆိုးလ်ရှားအပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း သိရပါတယ်။ အေးဂျင့်အများအပြားက ယူနိုက်တက်အတွက် နည်းပြအစားထိုးရေးမှာ ကူညီပေးဖို့ စိတ်ဝင်စားနေပေမယ့် အသင်းဘက်ကတော့ အစားထိုးဖို့အစီအစဉ်မရှိဘူးလို့ အသိပေးထားပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ လီဗာပူးကို ဧည့်ခံအပြီး နောက်တစ်ပတ်မှာ တော့တင်ဟမ်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီနောက် အီတလီမှာ အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ၄ ရက်အကြာမှာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အတ္တလန္တာ #ဆိုးလ်ရှား