ရှေ့သို့
Image

အာဆင်နယ်ပစ်မှတ် ချိန်ဘာလိန်ဟာ ပေါင် ၃၅ သန်းလောက်တန်တယ်လို့ မက်မနာမန် ယုံကြည်နေ

3:37 PM, 24 October

လီဗာပူးကွင်းလယ်လူဟောင်း မက်မနာမန်က အာဆင်နယ်ပစ်မှတ် ချိန်ဘာလိန်ဟာ ပေါင် ၃၅ သန်းတန်ပြီး လီဗာပူးအနေနဲ့ အရောင်းစာရင်း တင်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ချိန်ဘာလိန်ဟာ ဒီရာသီ လီဗာပူးအသင်းမှာ နေရာရဖို့ ရုန်းကန်နေရကာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

အာဆင်နယ်က အင်္ဂလန်သားကိုစိတ်ဝင်စားနေပြီး ပြန်လည်ခေါ်ယူမယ်လို့ သတင်းတွေထွက်နေပါတယ်။ အသက် ၂၈ နှစ်သားဟာ အာတီတာနဲ့အတူ အာဆင်နယ်မှာ ဖြတ်သန်းဖူးတာဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း မက်မနာမန်က ချိန်ဘာလိန်ကို အာဆင်နယ်က ခေါ်ယူမယ်လို့လည်း ယုံကြည်နေပါတယ်။

“ချိန်ဘာလိန်တန်ကြေးပေါင် ၃၅ သန်းလောက်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဒဏ်ရာတွေနဲ့ရုန်းကန်နေရပေမယ့် ကြံ့ခိုင်မှုပြည့်ဝရင် ခြေစွမ်းကောင်းပြသတဲ့ကစားသမားပါ။ ဒါကြောင့် အာဆင်နယ်ကခေါ်ယူချင်တယ်ဆိုရင် ပေါင် ၃၅ သန်းလောက်တပ်ပြီး လီဗာပူးအနေနဲ့ ရောင်းချသင့်ပါတယ်”လို့ မက်မနာမန်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အာတီတာ #အာဆင်နယ် #ချိန်ဘာလိန် #မက်မနာမန်