ရှေ့သို့
Image

စာချုပ်သစ်ချုပ်ဆိုဖို့ ထိုက်တန်မှုရှိကြောင်း သက်သေပြဖို့ ပေါ့ဂ်ဘာ အသင့်ရှိနေ

3:17 PM, 24 October

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ယနေ့ညကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ တန် စာချုပ်သစ်ချုပ်ဆိုဖို့ ထိုက်တန်တဲ့အကြောင်း သက်သေပြဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့အားလုံး ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရချိန်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ အတ္တလန္တာကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တဲ့ ပေါ့ဂ်ဘာကို ပြန်ထုတ်သုံးဖို့ များနေပြီး ပေါ့ဂ်ဘာအနေနဲ့ ပွဲကြီးတွေမှာ ခြေစွမ်းပြနိုင်ဖို့ ကြီးမားတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ၂၀၁၆ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)ပေါင် ၈၉ သန်းနဲ့ ယူနိုက်တက်ကို ပြန်ရောက်လာချိန်ကတည်းက မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်မှုရဖို့ ရုန်းကန်နေရပြီး စာချုပ်သက်တမ်း ကုန်ဆုံးဖို့ကလည်း လပိုင်းပဲ လိုပါတော့တယ်။

ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ရီးရဲလ်နဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်တို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ နောက်ဆုံးနှစ်ထဲ ရောက်နေချိန်မှာ မြင့်မားတဲ့လစာရဖို့ ကြိုးစားနေပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ လီဗာပူးကို အနိုင်ရရင် အခါးသီးဆုံးပြိုင်ဘက်နဲ့ ၁ မှတ်ပဲ လျော့နည်းတော့မှာဖြစ်ပြီး ရှုံးနိမ့်သွားရင်တော့ ၇မှတ်အထိ ကွာဟသွားမှာပါ။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ဆိုးလ်ရှား #ပေါ့ဂ်ဘာ