ရှေ့သို့
Image

တင်ပါးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမယ့် ဟာလန်း

2:36 PM, 24 October

ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ တင်ပါးဒဏ်ရာရရှိခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်လောက် နားရမယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သားဟာ ပြီးခဲ့တဲ့အပတ်က မိန့်ဇ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပွဲမှာ ဒဏ်ရာကနေပြန်လာပြီးနောက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်နည်းပြ မာကိုရို့စ်က နော်ဝေသားဟာ ရက်သတ္တပတ်အနည်းငယ်လောက်နားရမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီဒေါ့မွန်အတွက် ခြေစွမ်းဆက်တိုက်ပြသနေပြီး ဂိုးတွေဆက်တိုက် သွင်းယူပေးနေတာ ဖြစ်ပါတယ်။

လက်ရှိဘွန်ဒက်စ်လီဂါမှာလည်း ၉ ဂိုးနဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးထက် ၂ ဂိုးသာနေပါတယ်။ အသက် ၂၁ နှစ်သားဟာ ဒဏ်ရာကြောင့် ကိုလုံး ၊ ဂျာမန်ပိုကယ်ဖလား နဲ့ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ အေဂျက်နဲ့ပွဲကိုပါ လွဲချော်ဖို့များနေပါတယ်။

ဒေါ့မွန်အနေနဲ့ ဟာလန်းနေရာမှာ မယ်လန်နဲ့ အစားထိုးရဖွယ်ရှိနေပါတယ်။

#ဒေါ့မွန် #မိန့်ဇ် #ဟာလန်း #လီဝန်ဒေါ့စကီး