ရှေ့သို့
Image

ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် နောဝစ်ချ်ကို ပရီးမီးယားလိဂ်ကနေ ဘန်းသင့်တယ်လို့ ပရိသတ်တွေဝေဖန်

2:07 PM, 24 October

နောဝစ်ချ်ပရိသတ်တွေဟာ ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ အဆိုးဆုံးအသင်းလို့ ကင်ပွန်းတပ်နေကြပါတယ်။ ချဲလ်ဆီးဟာ အိမ်ကွင်းမှာ နောဝစ်ချ်ကို မေဆင်မောင့်ဟက်ထရစ် ၊ ဘန်ချီဝဲလ် ၊  အိုဒွိုင်းလ် ၊ ရိစ်ဂျိမ်းတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါရလဒ်ကြောင့် ချဲလ်ဆီးဟာ ဒီရာသီအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပြီး နောဝစ်ချ်ကတော့ ဒီရာသီမှာ တစ်ပွဲမှာ အနိုင်မရရှိသေးတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ တွစ်တာကနေတစ်ဆင့် နောဝစ်ချ်အသင်းရဲ့ ရလဒ်ပိုင်းကို စိတ်ပျက်မိကြောင်း ရေးသားနေကြပါတယ်။

ပရိသတ်တစ်ဦးကတော့ နောဝစ်ချ်ကို ပရီးမီးယားလိဂ်ကနေ ၅ နှစ်လောက်အထိ ဘန်းသင့်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ “တကယ့်ကို အဆိုးဝါးဆုံးအသင်းပါ။ အခုပဲတန်းဆင်းလိုက်ပါတော့”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

“အခုပဲတန်းဆင်းလိုက်ပါတော့ ပြီးရင်ဘယ်တော့မှတန်းပြန်မတက်လာပါနဲ့တော့”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ လူကာကူ နဲ့ တီမိုဝါနာ ဒဏ်ရာရရှိနေချိန်မှာ အခုရလဒ်ရတာကို ကျေနပ်နေကြပါတယ်။

ဒ့ါအပြင် အဆိုပါပွဲမှာ ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ မေဆင်မောင့်ရဲ့ခြေစွမ်းကိုလည်း ချီးကျူးနေကြပါတယ်။

#ချဲလ်ဆီး #နောဝစ်ချ် #မေဆင်မောင့်