ရှေ့သို့
Image

၂၅ပွဲဆက် ဂိုးပေါက်ပျောက်မှုကို ဟက်ထရစ်နဲ့ အဆုံးသတ်ခဲ့ပြီးနောက် စိတ်သက်သာရာရခဲ့တဲ့ မေဆင်မောင့်

9:01 AM, 24 October

မေဆင်မောင့်ဟာ ချဲလ်ဆီးအတွက် ပထမဆုံး ဟက်ထရစ်သွင်းကာ အကောင်းဆုံး ကစားသမားဆုရခဲ့ပြီးနောက် ပြုံးပျော်လျက် ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားပေးကာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

မောင့်ဟာ ကလပ်နဲ့ နိုင်ငံအတွက် ၂၅ပွဲဆက် ဂိုးပေါက်ပျောက်နေတာ ဖြစ်ပြီး ယမန်နေ့ည နောဝစ်ချ်နဲ့ပွဲမှာတော့ ဟက်ထရစ်သွင်းကာ အကောင်းဆုံး အဆုံးသတ်ခဲ့ပါတယ်။

မောင့်က “ပွဲမတိုင်ခင် ဂိုးသွင်းနိုင်ဖို့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးထားခဲ့ပြီး ခုတော့ ၁ပွဲတည်း ၃ဂိုးရခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် အမှတ်ရနေစေမယ့် ကြီးကျယ်တဲ့ အခိုက်အတန့်ပါပဲ”

“ကျွန်တော် ဒီလို ဂိုးသွင်းနို်ငဖို့ စောင့်နေတာ ကြာပါပြီ။ ကျွန်တော် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ ဂိုးပေါက်မတည့်ခဲ့ပဲ ဒီနေ့မှာမှ ဂိုးရခဲ့တာပါ။ ကျွန်တော် ပွဲတိုင်း ကစားချင်ပေမဲ့ တစ်ခါတစ်လေကျတော့ နောက်ဆုတ်ပေးရပါတယ်။ ကျွန်တော့်အတွက် ဒီလိုမျိုး စတန်းဖို့ဒ်ဘရစ်ချ်မှာ ၃ဂိုးသွင်းနိုင်ခဲ့တာက ကြီးကျယ်တဲ့ အခိုက်အတန့်ပါပဲ”လို့ ပြောခဲ့ပါတယ်။

နည်းပြ တူချယ်ကလည်း “မေဆင်ရဲ့ ဟက်ထရစ်က သူ့အတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော် အရမ်းဂုဏ်ယူနေပါတယ်။ သူ့ကိုယ်သူ ဖိအားပြန်ပေးခဲ့ပါတယ်။ အခု သူဂိုးရသွားတော့ ပေါ့ပါးသွားပြီး လွတ်လွတ်လပ်လပ် ပိုကစားနိုင်ပါပြီ။ သူ လူငယ်တစ်ယောက်အနေနဲ့ ပွဲတွေအများကြီး ကစားထားပြီး ပြိုင်ဆိုင်မှု အရမ်းပြင်းကာ ဂိုးတွေအတွက် အရမ်း အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

တူချယ်က ဂိုးသွင်းနိုင်ခဲ့တဲ့ ဟတ်ဆန် အိုဒွိုင်းလ်အတွက် ကျေနပ်နေပေမဲ့ တောင်ပံကစားသမားအနေနဲ့ ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။

“သူ တိုးတက်ဖို့ လိုနေတာလေးတွေ ရှိနေပါသေးတယ်။ အခုတော့ သူ အဲ့ဒါကို လုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော် ပွဲမတိုင်ခင် ပြောခဲ့သလို အိုဒွိုင်းလ်က ဒီလို ခြေစွမ်းမျိုးနဲ့ တည်ငြိမ်စွာ စွမ်းဆောင်ရည်မျိုး ပြသနိုင်တယ်ဆိုတာ သက်သေပြဖို့ လိုပါတယ်။ သူ အင်္ဂါနေ့ကျရင်လည်း ခုလို ခြေစွမ်းမျိုး ပြသဖို့ အခွင့်အရေး ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့်