ရှေ့သို့
Image

ပြည်ပထွက်ပြီး ကစားချင်တယ်လို့ ဝီလ်ရှီးယား ဖွင့်ဟ

3:15 PM, 23 October

အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားက ပြည်ပထွက်ကစားနိုင်တယ်လို့ ဖွင့်ဟလာသလို ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းမှာ ကစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝီလ်ရှီးယားဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းနဲ့လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပြီး လက်ရှိအချိန်မှာ အသင်းသစ်ရှာနိုင်ရေးအတွက် အသင်းဟောင်းအာဆင်နယ်မှာ ထရိန်နင်ပြန်ဆင်းနေပါတယ်။

ဝီလ်ရှီးယားက ''တကယ်တော့ ကျွန်တော် နိုင်ငံခြားထွက်ပြီး ကစားချင်ပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း ကစားချင်ပါတယ်။ အာဆင်နယ်နဲ့ ဇန်နဝါရီလကုန်အထိ ထရိန်နင်ဆက်ဆင်းသွားမှာဖြစ်ပြီး မေဂျာလိဂ်ရာသီသစ် အတွက် ရာသီကြိုပြင်ဆင်မှုပြုလုပ်မှာကလည်း အဲဒီအချိန်ပါပဲ။ ပြီးတော့ အင်တာမိုင်ယာမီမှာလည်း ကစားချင်ပါတယ်''လို့ ပြောပါတယ်။

အင်တာမိုင်ယာမီအသင်းမှာ ဟီဂူအင်နဲ့ မာတွီဒီတို့လို နာမည်ကျော်တွေရှိသလို ဗြိတိန်ကြယ်ပွင့်တွေဖြစ်တဲ့ ကီရန်ဂစ်ဘ်၊ ရှောခရော့စ်နဲ့ လူးဝစ်မော်ဂန်တို့လည်း ရှိနေပါတယ်။

#အာဆင်နယ် #ဂျက်ဝီလ်ရှီးယား