ရှေ့သို့
Image

ဆိုးလ်ရှားဟာ ဘယ်တော့မှ ဂွါဒီယိုယာ၊ ကလော့ပ်၊ တူချယ်တို့လို အဆင့်မျိုး ရောက်မှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

1:25 PM, 23 October

ဆိုးလ်ရှားဟာ သူ့ရဲ့ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးနှင့် ချဲလ်ဆီးတို့က နည်းပြတွေလိုမျိုး ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူးလို့ ကာရေဂါက ပြောဆိုလိုက်ပါတယ်။

လီဗာပူးနှင့်ကစားမယ့်ပွဲမတိုင်မှာ Sky Sprots က အားကစားဝေဖန်သူ ကာရေဂါက ယူနိုက်တက်ဟာ နည်းပြ ကောင်းလိုအပ်နေပါတယ်လို့ ပြောဆိုထားတဲ့အတွက် ဆိုးလ်ရှားက အင်္ဂလန်သားကို ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

Telegraph အတွက်ရေးသားထားရာတွင် ကာရေဂါက နည်းပြဘဝမှ ဆိုလ်းရှားက ကလော့ပ်၊ ဂွါဒီယိုလာနှင့် တူချယ်တို့ကို လိုက်မီအောင်ကြိုးစားနေသော်လည်း ထုတ်ပယ်ခံရဖို့သင့်နေပါပြီလို့ ပြောထားပါတယ်။

“တယ်ရီက ကျွန်တော့်ထက်အရပ်ရှည်တဲအတွက် အမြင့်ဘောတွေကို ရှင်းထုတ်ရာမှာ ပိုကောင်းပါတယ်။ ဖာဒီနန် ကလည်း လျင်မြန်ပြီး သန်မာပါတယ်။ သူတို့နှစ်ဦးရဲ့နေရာကို ဘယ်လိုမှ အစားထိုးလို့ရမှာမဟုတ်ပါဘူး။ ဒါဟာ ဆိုးလ်ရှားအတွက် ကလော့ပ်၊ ဂွါဒီယိုလာ၊ တူချယ်တို့နဲ့ အတူတူပါပဲ။ သူကဘယ်တော့ အဆိုပါနည်းပြ ၃ဦးရဲ့ အဆင့်အတန်းမျိုးရောက်လာမှာမဟုတ်ပါဘူး။ သူ့တို့လည်း ဖြစ်လာမှာ မဟုတ်ပါဘူး ”

“သူဟာ လက်ရှိကလော့ပ် လီဗာပူးမှာ ဖြစ်နေသလိုမျိုး၊ ဂွါဒီယိုလာရဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် လက်ရှိ မန်စီတီးတို့မှာလို ဆုဖလားတွေအများကြီးသလိုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်လောက်က ချဲလ်ဆီးဟာ ယူနိုက်တက်လိုမျိုးဖြစ်ခဲ့သော်လည်း လက်ရှိမှာတော့ လီဗာပူး၊ မန်စီးတီးတို့လို အဆင့်မျိုးသို့ လျင်လျင်မြန်မြန်ရောက်အောင်ပို့နိုင်မယ့် နည်းပြမျိုးကို ခေါ်ယူလိုက်နိုင်ခဲ့ပါတယ် ” လို့ ကာရေဂါက ပြောပါတယ်။

လက်စတာအား ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ခုခုပြောင်းလဲရမယ်လို့ ပြောခဲ့ပြီးနောက် အတ္တလန္တာနှင့်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခြင်းခံခဲ့ရတဲ့ ပေါ့ဂ်ဘာကို အသုံးပြုပုံနှင့်ပတ်သက်ပြီး ကာရေဂါက ဆိုးလ်ရှား ကို ပြောဆိုထားပါတယ်။

ပေါ့ဂ်ဘာဟာ“အသင်းနှင့်စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲသို့ရောက်ရှိနေတာဖြစ်ပြီး သူ့ရဲ့အနာဂတ်ကလည်း အိုးထရက်ဖို့ဒ်အပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်သော်လည်း သူနဲ့ ယူနိုက်တက်ဟာ ရာသီကုန်မှာ အသင်းကနေအလွယ်တကူ ထွက်သွားဖို့ရှိနေတဲ့ ပေါ့ဂ်ဘာ မပါဝင်ဘဲ ကစားဖို့ပြင်ဆင်ရမှာပါ။ လက်စတာနှင့်ပွဲအပြီးမှာ တစ်ခုခုပြောင်းလဲရမယ်လို့ ကစားသမားတွေက မှတ်ချက်ပေးပြောခဲ့ပြီးနောက်မှာတော့ ဒါဟာ ဆိုးလ်ရှားရဲ့ ပြင်းထန်တဲ့ စီမံခန့်ခွဲမှုလို့ ကျွန်တော်ထင်ပါတယ်”လို့ ကာရေဂါက ပြောပါတယ်။

အတ္တလန္တာနှင့်ပွဲမှာ ပေါ့ဂ်ဘာဟာ ပွဲကစားချိန် ၆၆ မိနစ်တွင် တွန်မီနေးအစား လူစားဝင်ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ယူနိုက်တက်က ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေတာဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် ဟာ ရှုံးနိမ့်နေရာကနေ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး စီးရီးအေကလပ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို အနိုင်ပွဲရရှိထားခြင်းမရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ကလော့ပ်ရဲ့ အသင်းနှင့် ကစားမယ့်ပွဲမှာ ရှုံးနိမ့်ခဲ့ပါက ယူနိုက်တက်ဟာ လီဗာပူးနှင့် ၇ မှတ်ကွာဟတဲ့ အခြေအနေသို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဆိုးလ်ရှား #တူချယ် #ကာရေဂါ